မျက်နှာပေါ်မှာ ၀က်ခြံမဟုတ်တဲ့ဖုလေးတွေကြောင့် အလှပျက်လို့ စိတ်ညစ် နေကြတဲ့ သူငယ်ချင်းတွေအတွက်

ပို့စ်တင်ချိန် - 8/29/2013 08:54:00 AM



မျက်နှာပေါ်ရှိ အဆီဖုလေးများကို ဖယ်ရှားရအောင်

အမျိုးသမီးတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲလှတဲ့သူဖြစ်ပါစေ... ပိုလှချင်ကြတာပါပဲ... အသားအရေကောင်းပါတယ်ဆိုတဲ့သူတွေတောင် အဆီဖုတွေကြောင့် စိတ်ညစ်ရသေးတာပဲ... အဆီဖုများဟာ.. မျက်နှာရှိချွေးပေါက်များထဲသို့ အရေပြားဆဲလ်သေများနှင့် အဆီများစုပြုံခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကဲ...အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတစ်ချို့ကို အသုံးပြုပြီးဖယ်ရှားလိုက်ရအောင်

(၁) တစ်နေ့လျှင် မျက်နှာကို ရေနွေးနွေးဖြင့် (သို့) သာမာန်ဆပ်ပြာဖြင့် နှစ်ကြိမ်ခန့်ဆေးကြောပေးပါ။

(၂) ပွက်ပွက်ဆူနေသော ရေနွေးအိုးမှ ရေနွေးငွေ့ဖြင့် ၁၀မိနစ်ခန့် အပေါက်ငယ်များပွင့်သွားစေရန် မျက်နှာပေါင်းပေးပါ။
ပြီးလျှင်အသာအယာညှစ်ထုတ်ပါ။ ရေနွေးငွေ့ဖြင့်ပေါင်းရန်ခက်လျှင် မျက်နှာသုတ်ပ၀ါအား ရေနွေးနွေးဖြင့်စိမ်ပြီး ရေညှစ်ပြီးလျှင် မျက်နှာအား အကြိမ်များစွာကပ်ပေးပါ။

(၃) ရွံမျက်နှာပေါင်းစေကပ်ပေးပါ

(၄) သံပုရာညစ်ထားသောအရေအား ဂွမ်းစဖြင့်ယူပြီး အဆီဖုရှိသောနေရအား ပွတ်ပေးပါ

(၅) နောက်ဆုံးအနေဖြင့် ပျားရည်အစစ် အား မျက်နှာတွင် (၁၀)မိနစ်ခန့် လိမ်းထားပါ (ပျားရည်သည် မျက်နှာပေါ်ရှိ ပိုးမွှားများကို သန့်စင်စေသည်)

(၆) ပြီးလျှင် ရေနွေးနွေးဖြင့်ဆေးချပါ။
(တစ်ဆင့်ပြီးတစ်ဆင့်ကြားတွင် ရေဖြင့်ပြန်လည်သန့်စင်ပါ)

လုပ်ဆောင်ရန် - ရေများများသောက်ပါ။အသီးအရွှက်များများစားပါ။ အဆီပါသော အစားအသောက်များရှောင်ကြဉ်ပါ။ မျက်နှာအား သင်၏လက်ဖြင့်ပွတ်သပ်ခြင်းကို ရှောင်ကြဉ်ပါ။ (လက်တွက်မမြင်ရသော ဖုန်မှုန့်၊ပိုးမွှားများစွာပါဝင်သည်)

credit : beautytalk