ကြောင်ကလေး၏ အသက်ကို အရေးပေါ် ကယ်တင်ရန် ခွေးကလေးက သွေးလှူဒါန်းခဲ့

ပို့စ်တင်ချိန် - 8/31/2013 02:32:00 PM


နယူးဇီလန်နိုင်ငံ၌ ကြောင်ချစ်သူများနှင့် ခွေးချစ်သူများ မတူညီသည့် သဘောထား အမြင်များအား ခေတ္တခဏ ဖယ်ရှားကာ ကြောင်ကလေး ၏ အသက်ကို ခွေးကလေးက ကယ်တင်ပေးခဲ့သည့် ထူးထူးခြားခြား ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၂၃ ရက်နေ့က ရိုရီဟု အမည်ရသည့် ရွှေဝါရောင် ကြောင်ကလေးသည် အဆိပ်ဖြူးထားသော ကြွက်သေတစ်ကောင်ကို စားမိကာ အဆိပ်သင့်ပြီး သေလုနီးနီး ခံစားနေရချိန်တွင် ကြောင်ပိုင်ရှင် ကင်အက်ဒ၀ပ်က တူရန်ဂါမြို့ရှိ တိရစ္ဆာန်ဆေးကုခန်းသို့ ကသုတ်ကယက် အပြေးလာခဲ့ရသည်။ တိရစ္ဆာန်ဆေးကုဆရာဝန် ကိတ်ဟယ်လာက ကြောင်ကလေးမှာ အလွန်ချိနဲ့ အားယုတ်နေပြီဖြစ်၍ အရေးပေါ် သွေးသွင်းမှသာ အသက်ရှင်သန်နိုင်မည်ဟု ဆုံးဖြတ်ခဲ့ကာ သွေးသွင်းရန် ကြိုးစားခဲ့သည်။
သို့ရာတွင် အရေးပေါ် အခြေအနေ ဖြစ်နေပြီ ဖြစ်၍ သွေးအမျိုးအစားအား စစ်ဆေးရန် အလို့ငှာ ဓာတ်ခွဲခန်းသို့ သွေးနမူနာပို့ဆောင်ရန် အချိန်ပင်မရတော့သည့် အတွက် ကင်၏ သူငယ်ချင်း မစ်ရှယ်ဝစ်မိုး ပိုင်ဆိုင်သော ခွေးကလေးထံမှ သွေးကိုရယူကာ ကြောင်ကလေး အသက်ရှင်လိုရှင်ငြား သွေးသွင်း ကုသပေးခဲ့သည်။ အရေးပေါ် အခြေအနေ ဖြစ်နေသည့် အတွက် တတ်နိုင်သျှ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ ပြီးနောက် ကံအားလျော်စွာပင် ကြောင်ကလေး၏ အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ခွေးကလေး၏ ပိုင်ရှင် ဗစ်ရှယ်က ၀မ်းသာအားရ ပြောကြားခဲ့သည်။ ယုံကြည်နိုင်ရန် အလွန်ပင် ခက်ခဲသော်လည်း ယခုအခါ ကြောင်ကလေးရိုရီမှာ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာနေပြီ ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။ ကျွမ်းကျင်သူတို့၏ အဆိုအရ ကြောင်ကလေးသည် ထိုခွေး၏သွေးကို နောက်တစ်ကြိမ် သွင်းမည် ဆိုလျှင်မူ သေဆုံးသွားနိုင်ကြောင်း သိရသည်။
Swesone