မြန်မာ့လူဦးရေရာခိုင်နှုန်း ၆ဝကျော် လုပ်သားများဖြစ်သော်လည်း ကျွမ်းကျင်လုပ်သားများရှားပါးနေ

ပို့စ်တင်ချိန် - 8/05/2013 11:15:00 AM


လက်ရှိမြန်မာ နိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၆၀ ကျော်မှာ လုပ်သားများဖြစ်နေ သော်လည်း ကျွမ်းကျင်လုပ်သား နည်းပါးနေသေးကြောင်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိတွင် လူဦးရေမှာ ၆၁သန်းခန့်တွင် လုပ် သားအင်အားစုစုပေါင်း ၃၂ သန်း ခန့်ရှိကြောင်း၊ ယင်းလုပ်သားအင် အားများတွင် ကျွမ်းကျင်လုပ်သား များပါဝင်မှုရာခိုင်နှုန်း နည်းပါး နေသောကြောင့် ကျွမ်းကျင်လုပ် သားများမွေးထုတ်ပေးရန် လိုအပ် နေကြောင်း ဝန်ကြီးကထပ်မံပြော သည်။
ဒုတိယဝန်ကြီး ဦးထင်အောင် က ''ပြည်ပကလာရောက်ရင်းနှီး မြှုပ်နှံတဲ့အခါမှာ ပြည်တွင်းမှာ ရှိတဲ့လုပ်သားတွေက ကျွမ်းကျင် မှု အားနည်းနေတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အ ခါမှာအခက်အခဲဖြစ်နိုင်တယ်။ အဲ ဒါကြောင့် အရည်အသွေးမြင့်တဲ့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ် ပေးနိုင်ဖို့လိုအပ်တယ်''ဟုဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ် စွမ်းအား၊ သတ္တုတူးဖော်ရေးလုပ် ငန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း၊ မွေးမြူရေး နှင့်ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်းများတွင် ပြည်ပ မှရင်းနှီးမြှုပ်နှံလျက်ရှိရာ ကျွမ်း ကျင်ဝန်ထမ်းများ လိုအပ်ချက်မြင့် မားလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ တွင် စွမ်းရည်ပြည့်ဝသော လုပ် သားထုရရှိရေးအတွက် အလုပ် အကိုင်များအား ကျွမ်းကျင်မှုစံ သတ်မှတ်ရေးဆွဲခြင်း၊ လုပ်သား များအနေဖြင့် မိမိအရည်အချင်း အရ ရှိထားသင့်သော အသိအ မှတ်ပြု လက်မှတ်ထုတ်ပေးထား ရေးတို့ကို ပြည်ထောင်စုဝန်ကြီး ဌာနမှ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ကို ဖွဲ့စည်းအ ကောင်အထည်ဖော်လျက်ရှိ ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအကြံ ပေးဦးကိုကိုလှိုင်က ''လူ့စွမ်းအား အရင်းအမြစ်ဆိုတာမှာ လူဦးရေ များတိုင်း စွမ်းအားရှိတာမဟုတ် ပါဘူး။ အလုပ်လုပ်တဲ့လူဦးရေများ ဖို့လိုပါတယ်။ အလုပ်လုပ်တဲ့သူတွေ ထဲမှ ကျွမ်းကျင်တဲ့အလုပ်သမား များလေ နိုင်ငံရဲ့စွမ်းအားဟာ များ လေဖြစ်ပါတယ်'' ဟုဆိုသည်။
လက်ရှိ၌ အဆိုပါြှဗ မှ အလုပ်အကိုင် ၁၇၃ မျိုး၏ လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှုစံ အားရေးဆွဲထားပြီး သင်ရိုးညွှန်း တမ်းရေးဆွဲနိုင်ရေးအတွက် စင် ကာပူ တီးမားဆက်ဖောင်ဒေးရှင်း အကူအညီဖြင့် အစိုးရနှင့်ပုဂ္ဂလိက သင်တန်းဆိုင်ရာစီမံဆောင်ရွက် သူ ၉၀ အား သင်တန်းပေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ