ကျွဲကျောင်းသားတစ်ဦး၏ ပုပ်ပွနေသည့်အလောင်း ရေမြောင်းထဲတွေ့

ပို့စ်တင်ချိန် - 8/01/2013 06:18:00 PM


ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၁၂၁) ရပ်ကွက်၊ လယ်ကွင်းပြင်ရှိ ရေမြောင်းထဲမှ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁နာရီ ၃၀မိနစ်က အသက် ၅၀ အရွယ်ရှိ ကျွဲကျောင်းသားအမျိုးသား အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူသည် အဆိုပါရပ်ကွက် အင်းဝလမ်းတွင် နေသူ ဦးဘာဘူကြီး ဖြစ်ပြီး ၄င်းသည် အရက်အလွန်အကျွံ သောက်စားတတ်သူ တစ်ဦးဖြစ်ကြောင်း လွန်ခဲ့သော သုံးရက် (ဇူလိုင်လ ၂၇ ရက်) ခန့်က ကျွဲကျောင်း သွားရာမှ ပျောက်ဆုံးခဲ့ပြီး ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီပိုင် လယ်ကွင်းရှိ အကျယ် ၁၀ပေ၊ အနက် ရှစ်ပေရှိ ရေမြောင်းထဲမှ အလောင်းကို ပုပ်ပွ၍ ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း (၁၂၅) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းသာက The Voice သို့ ပြောကြားသည်။

"ကျွဲကျောင်းသားကောင်လေးက တွေ့ပြီး ရပ်ကွက်ရုံးကို လာပြောလို့ ရဲစခန်း ကို အကြောင်းကြား ခဲ့တယ်။ သွားကြည့်တော့ အလောင်းက တော်တော်လေး ပုပ်ပွ နေပါပြီ" ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly