ရန်ကုန်မြို့တွင်း လမ်းများပေါ် စည်းကမ်းမဲ့ ရပ်တန့်ထားသည့် ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားရှင်းလင်းရန် ကရိန်းယာဉ်သုံးစီး ပြည်ပမှ ၀ယ်မည်

ပို့စ်တင်ချိန် - 8/06/2013 09:47:00 AM


ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် စည်းကမ်းမဲ့ ရပ်တန့်ထားသည့် ယာဉ်များအား ကရိန်းဖြင့် သယ်ယူ ရှင်းလင်းရန်အတွက် ကရိန်းယာဉ် သုံးစီးအား ပြည်ပမှ ၀ယ်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဝယ်ယူမည့် ကရိန်းယာဉ်များမှာ (Tow Turck) ယာဉ်များဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အသုံးပြုနေသည့် ယာဉ်အမျိုးအစားများများ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင်း လမ်းပေါ်တွင် စည်းကမ်းမဲ့ ရပ်တန့်ထားသော ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအား ကရိန်းဖြင့် ရှင်းလင်းရန်အတွက် ကရိန်းယာဉ်များ ၀ယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံသို့လည်း သွားရောက် လေ့လာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လမ်းပေါ် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအပြင် ယာဉ်တိုက်မှု ဖြစ်ပွားသော ယာဉ်များနှင့် လမ်းပေါ်တွင် စက်ပျက်သည့် ယာဉ်များကိုလည်း ဖယ်ရှားရှင်းလင်း နိုင်မည်ဖြစ်သည်။

အဆိုပါယာဉ်များ ၀ယ်ယူရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အဖွဲ့ထံသို့ ခွင့်ပြုချက် တောင်းခံထားပြီး ယင်းကိစ္စကို ဖြေရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို တာဝန်ပေးခဲ့ခြင်း
ဖြစ်သည်။

ကရိန်းဖြင့် သယ်ယူရှင်းလင်းရာတွင် ရှင်းလင်းရေး အဖွဲ့များ ဖွဲ့စည်း၍ လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ယာဉ်များအား သယ်ယူ၍ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အတွင်းရှိ မော်တော်ယာဉ်ဌာန ရုံးဝင်းအတွင်းသို့ ပို့ဆောင်ရှင်းလင်း သွားမည်ဖြစ်ပြီး ကရိန်းငှားရမ်းခနှင့် စက်သုံးဆီဖိုး ကုန်ကျငွေများကို ယာဉ်ရပ်ထားသူမှ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

eleven media group