ကမ်းနားကွန်ကရစ်လမ်းတွင် ပလက်ဖောင်းနှင့် ရပ်ထားသည့် ယာဉ်(၃)စီးအားတိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်

ပို့စ်တင်ချိန် - 8/21/2013 04:32:00 PM


ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၃ ရက်နေ့ ၂၃၁၅ အချိန် ဆိပ်ကမ်းမြို့နယ်၊ ကွန်ကရစ်လမ်း
အတိုင်း ဗိုလ်တထောင်ဘက်မှအလုံမြို့နယ်ဘက်သို့ ယာဉ်မောင်းစုံစမ်းဆဲ
မောင်းနှင်လာသော ၉ဃ/---- ဟီးနိုး(၈)ဘီးယာဉ်သည်
မော်တင်ဆိပ်(၄)လမ်းနှင့်(၅)လမ်းကြားအရောက် လမ်း၏ယာဘက်
ပလက်ဖောင်းအား တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ ကမ်းနားလမ်းဘေးတွင် ညအိပ်ရပ်ထားသည့် ၆ခ/---- မှန်လုံယာဉ်၊ 4F/---- တိုယိုတာဖစ်၊
၎ဃ/---- နစ်ဆန်း(၁၂)ဘီးယာဉ် တို့အားဆက်လက်တိုက်မိခဲ့ပြီး ကွန်ကရစ်လမ်းဘေး ရေမြောင်းပေါ်သို့တစောင်းအနေအထားဖြင့်
တိမ်းမှောက်ခဲ့ပါသည်။

ယာဉ်မောင်းမှာအခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်
သွားသဖြင့် ယာဉ်အားမဆင်မချင်မောင်းနှင်သူ ၉ဃ/---- ယာဉ်မောင်းအား ဆိပ်ကမ်းမြို့မရဲစခန်း ယာဉ်(ပ) ၁၈/၂၀၁၃၊ ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်လှစ်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police