ရွှေဆွဲကြိုး(၁)ကုံးနှင့်အတူ မသင်္ကာသူများအား ဖမ်းဆီး

ပို့စ်တင်ချိန် - 8/17/2013 06:12:00 AM



၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် (၃၅)လမ်းအတွင်း၌
ရွှေဆွဲကြိုး(၁)ကုံးအားမသင်္ကာဖွယ် လိုက်လံရောင်းချနေသော သာကေတမြို့နယ်၊ (၁)ရပ်ကွက်နေသူများဖြစ်သည့် ငြိမ်းချမ်းအောင် (ခ)မုန်တိုင်း (ဘ)ဦးမျိုးမျိုးနှင့် သန်းထိုက်လင်း(ခ)သာအေး
(ဘ)ဦးမျိုးညွှန့်တို့ (၂)ဦးအားတွေ့ရှိ၍စစ်မေးရာ ရွှေဆွဲကြိုးအား ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသောအထောက်အထားတစ်စုံတစ်ရာ
ပြောဆိုပြသနိုင်ခြင်းမရှိ၍ တစ်နေရာရာမှခိုးယူလာကြောင်းမသင်္ကာသဖြင့် အလေးချိန် ၁၅ပဲ၊ ၆ရွေးရှိ ရွှေဆွဲကြိုးအားသိမ်းဆည်းခဲ့ပြီး
ကျောက်တံတားမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
မြ၀တီ