ဓာတ်ခွဲခန်းထုတ် ဘာဂါအသား စားလို့ရပြီ

ပို့စ်တင်ချိန် - 8/06/2013 09:16:00 AM


၀၅.၀၈.၂၀၁၃ (တနင်္လာနေ့)

ဒတ်ခ်ျ ဓာတု ပညာရှင်တွေ ကနေ ပထမဆုံး ထုတ်လုပ် လိုက်တဲ့ ဓာတ်ခွဲခန်း ထုတ် ဘာဂါ ကို လန်ဒန်မြို့မှာ ပထမဆုံး အဖြစ် ချက်ပြီး စားပြ ခဲ့ပြီ ဖြစ်ပါတယ်။

နွားက ထုတ်တဲ့ ဆဲလ်တွေကို နယ်သာလန် ဓာတ်ခွဲခန်း တခုမှာ အမဲသား အမျှင် အကြော တွေ ဖြစ်လာအောင် လုပ်ပြီး ဒီဘာဂါ အသားကို ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီဘာဂါကို စားခဲ့တဲ့ အကဲဖြတ် တဦးက အသားနဲ့ အတော် ဆင်တယ် လို့ ပြောပါတယ်။ တခြားအကဲခတ် အတဦးကတော့ အရသာဟာ အမဲသားနဲ့ နည်းနည်း ကွာတယ်လို့ ဆိုပါတယ်။

ဒီဘာဂါ ဖြစ်လာဖို့ ကုန်ကျ စားရိတ်ကတော့ ဒေါ်လာ ၃ သိန်းလောက် ရှိခဲ့ပါတယ်။
BBC Burmese