HTC One မဟုတ်သော Phablet ဖုန်း HTC Max

ပို့စ်တင်ချိန် - 8/10/2013 06:20:00 AM


HTC လည်း အရွယ်ကြီးဖုန်းထုတ်တော့မှာ ဖြစ်ပါတယ်။ တရားဝင် ကြေညာ ချက် မဟုတ်သေးပေမယ့် HTC Max ရဲ့  ဓာတ်ပုံပါဆိုပြီး နေရာတိုင်း မှာ ပြန့်နှံ့ နေပြီ ဖြစ်ပါတယ်။

Sony Xperia Z Ultra, Huawei Ascend Mate, Samsung Galaxy Mega တို့ကို ယှဉ်ပြိုင်လာမယ့် စမတ်ဖုန်းလို့ ယုံကြည်ထားကြပြီး မကြာမီ Samsung တို့ မိတ်ဆက်မယ့် Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက် ဖြစ် လာမယ်လို့လည်း ယုံကြည် ထားကြ ပါတယ်။ အရွယ်အစား အားဖြင့် ၅.၉ လက်မ ရှိပြီး 1080p screen, e 2.3GHz quad-core Snapdragon 800 processor တို့လို အရည်အသွေးကောင်း နည်းပညာမြင့် ပစ္စည်းများကို အသုံးပြုမှာ ဖြစ်ကြောင်း ဖော်ပြ နေကြ ပါတယ်။

အရွယ်အစားကြီး Tablet နဲ့ ဖုန်းပေါင်း Phablet ဈေးကွက်ကို HTC တို့ ဝင်ရောက်ရန် စတင်လာခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ Samsung က ထိပ်တန်း ဦးဆောင်နေပြီး Sony နဲ့ Huawei မှလည်း Phablet ရောင်း အား မြင့်တက် နေပါတယ်။ ဒါကြောင့် ထိုင်ဝမ် အခြေဆိုက် HTC တင်မက Nokia နဲ့ အခြားသော စမတ်ဖုန်း ကုမ္မဏီများကလည်း Phablet ဈေးကွက် သို့ ဝင်ရောက် လာဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Stuff UK

Aung Kham (Stuff Myanmar)