စမတ်ဖုန်းဈေးကွက်တွင် iPhone ၏ လွှမ်းမိုးမှု ၁၃ ရာခိုင်နှုန်းအထိ လျော့ကျ

ပို့စ်တင်ချိန် - 8/10/2013 07:05:00 AM


အောင်မင်း ဘာသာပြန်သည်။

iPhone အနေဖြင့် ဖုန်းမော်ဒယ်အသစ် မထုတ်လုပ်နိုင်သည့်အတွက် သုံးစွဲသူများက Anroid နှင့် Win- dow ဖုန်းများအား ပြောင်းလဲသုံးစွဲနေကြသည်ဟု ဈေးကွက်သုတေသနလုပ်သည့် ကော်ပိုရေးရှင်းတစ်ခု ဖြစ်သော IDC က ပြောကြားလိုက်သည်။

Android နှင့် Windows ဖုန်း ရောင်းအားများ အနည်းငယ်မြင့်တက်လာသော်လည်း Apple ၏ စမတ်ဖုန်း များ ကမ္ဘာတစ်လွှား ဖြန့်ဖြူးရောင်းချခြင်းမှာ ဒုတိယနှစ်ဝက်တာကာလ အတွင်းတွင် ၁၃ ဒသမ ၃ ရာခိုင်နှုန်း သာ ရှိခဲ့သည့်အတွက် IDC က ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ iPhone 5 ထွက်ရှိလာပြီး တစ်နှစ်နီးပါးကြာသည်အထိ အခြားဖုန်းမော်ဒယ်အသစ်တစ်ခု မထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်ဟု IDC ၏ ဈေးကွက်လေ့လာသုံး သပ်သူ ရန်မွန်လာမက်က ယခုသီတင်းပတ်တွင် ထုတ်ပြန်သည့် အစီအရင်ခံစာတွေ ထည့်သွင်းပြောကြား ခဲ့သည်။ iPad မှာလည်း အလားတူအခြေ အနေမျိုးနှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“Apple အနေနဲ့ ဈေးကွက်အတွင်း ပြိုင်ဆိုင်နိုင်ဖြစ်ဖို့အတွက် မော်ဒယ်အသစ်တွေ မထုတ်နိုင်တော့တာ ကြောင့် အားနည်းလာရပါတယ်”ဟု ၎င်းက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် “ယခု နှစ်နှောင်းပိုင်းမှာ iPhone နဲ့ iSO 7 အသစ်တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် Apple အနေနဲ့ ၎င်းရဲ့ ဈေးကွက်ကို ပြန်လည်လွှမ်းမိုးနိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟုလည်း ၎င်းက သုံးသပ်ခဲ့သည်။

iPhone အနေဖြင့် အရာရာတိုင်းမှာ အဆိုးဘက်ကို ဦးတည်နေသည်မဟုတ်ပါ။ ယခုနှစ်အတွက် စုစုပေါင်း ပေးပို့ရောင်းချခဲ့သည့် ဖုန်းအရေအတွက် ၃၁ ဒသမ ၂ သန်းခန့်ရှိခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင် နှုန်းမြင့်တက်ခဲ့သည်ဟုလည်း ၎င်းကထောက်ပြခဲ့သည်။ သို့သော် iOS မှာမူ ယမှန်နှစ်တွင် ၁၆ ဒသမ ၆ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၁၃ ဒသမ ၂ ရာခိုင်နှုန်းသာ ရောင်းချနိုင်ခဲ့သည်။

ယခုနှစ်ဒုတိယပတ်ကာလတွင် Android စမတ်ဖုန်းများ ပေးပို့ရောင်းချသည့်ပမာဏမှာ ၁၈၇ ဒသမ ၄ သန်းရှိခဲ့ပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၇၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုနှစ်ဒုတိယတာကာလအတွင်း စမတ်ဖုန်းအားလုံး၏ ရောင်းအားမှာ ၂၃၆ ဒသမ ၄ သန်းခန့်ရှိခဲ့ပြီး ၎င်းတို့ ၏ ၈၀ ရာခိုင်နှုန်းမှာ Android စမတ်ဖုန်းများဖြစ်သည်ဟု သိရသည်။ ယင်းသို့ရောင်းချရသည့် Android စမတ်ဖုန်းပမာဏအား ယမန်နှစ်နှင့် နှိုင်းယှဉ် ပါက ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရသည်။

ယခုကဲ့သို့ ရောင်းချရသည့် Android စမတ်ဖုန်းထုတ်လုပ်သူများတွင် Samsung မှာ အကြီးဆုံးဖြစ်ပြီး ဈေးကွက်၏ ၃၉ ရာခိုင်နှုန်းအား လွှမ်းမိုးထားပြီး ဖုန်းအလုံးရေ ၇၃ ဒသမ ၃ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချပြီးဖြစ် သည်ဟု သိရသည်။ ယင်းသို့အောင်မြင်ရသည့် အဓိက အကြောင်းအရင်းတစ်ခုမှာ မော်ဒယ်အသစ်များ မကြာခဏထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယနှစ်ဝက်တာကာလတွင် Samsung Galaxy S4 အား ထုတ်လုပ်နိုင်ခဲ့သည်။

အခြားသော Android ထုတ်လုပ်သူများမှာ LG, Lenovo, Huawei ESifh ZTE တို့ဖြစ်ကြပြီး ဈေးကွက်၏ ၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ရာခိုင်နှုန်းအကြား နေရာယူထားကြသည်။

Window ဖုန်းများမှာမူ ဒုတိယနှစ်ဝက်တာကာလ၌ ဖြန့်ဖြူးခဲ့သည့် စမတ်ဖုန်းဖြန်ြ့ဖူးမှုအားလုံးတွင်ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့ပြီး ဒုတိယနှစ်ဝက်တာကာလတွင် ၈ ဒသမ ၇ သန်းခန့်ရှိခဲ့သည်ဟု သိရသည်။

သို့သော် Window ဖုန်းများမှာ စမတ်ဖုန်းဈေးကွက်၏ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိသာ လွှမ်းမိုးနိုင်သေးသည်။ ၎င်း၏နောက်တွင် BlackBerry မှာ ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေသည်ဟု IDC မှ ဖော်ပြခဲ့သည်။
Mizzima - News in Burmese