ပန်လည် ပြင်ဆင် မွမ်းမံထားသည့် Windows 8.1 အသစ် အောက်တိုဘာ ၁၇ တွင် ထွက်မည်

ပို့စ်တင်ချိန် - 8/17/2013 06:26:00 AM



ယခင် Windows 8 တွင် အဆင်မပြေမှုများကို ပြန်လည် ပြုပြင်ပြီးနောက် Version အသစ်ဖြစ်သည့် Windows 8.1 ကို လာမည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် ထုတ်မည်ဖြစ်ပြီး၊ လက်ရှိ သုံးစွဲနေသူ များသည် အွန်လိုင်းမှ တစ်ဆင့် အခမဲ့ Update လုပ်နိုင်ကြောင်း Microsoft ကုမ္ပဏီက ကြေညာထားသည်။
Microsoft သည် Version ကို Windows 8 ထုတ်ပြီးနောက် တစ်နှစ်ကြာ အချိန်ယူ ပြင်ဆင် မွမ်းမံခဲ့ခြင်း ဖြစ်သည်။ ထုံးစံအရ Microsoft သည် Windows တစ်ခု ထုတ်ပြီးတိုင်း သုံးနှစ်ခန့်ကြာမှ ပြုပြင် ပြောင်းလဲမှု ရှိသော်လည်း ယခု ပြန်လည် ပြင်ဆင်ထားသည် version သည် အခြေအနေအရ ထပ်ဆင့် မွမ်းမံပေးခဲ့ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

Windows 8 သည် touchscreen ကို အဓိက အထောက်အပံ့ပေးရန် စီစဉ်ထားပြီး၊ Windows 8 ကို မိုဘိုင်းလ်နှင့် စမတ်ဖုန်းများတွင် အများစု သုံးနိုင်စေရန်နှင့် ဈေးကွက် ရရှိစေရန် ဖြစ်ကြောင်း World Street Journal က ဝေဖန်ထားသည်။

The Voice