Apple ထုတ်ကုန်တရားဝင် ရောင်းချမည့် mDrive ဆိုင်သစ်ဖွင့်ပွဲကျင်းပ

ပို့စ်တင်ချိန် - 9/29/2013 04:04:00 PM



Apple ထုတ်ကုန်များ တရားဝင် ရောင်းချပေးမည့် mDrive ဆိုင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှ စ၍ ရန်ကုန်မြို့ Junction မော်တင် စင်တာတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆိုင်သစ်ဖွင့်ပွဲတွင် ပထမဆုံးဝယ်ယူသူ အယောက် ၁၀၀ ကို ဗလာမပါ ကံစမ်းမဲ အဖြစ် Apple ပစ္စည်းများ မဲဖောက်ပေးသွားမည်ဖြစ်သည်။ထို့အပြင် Junction mawtin သို့ လာရောက်သည့် မည်သူမဆို ၁ နာရီ ခြားတစ်ခါ မဲဖောက်ပေးသည့် ကံစမ်းမဲ အစီအစဉ်၌ ပါဝင် ကံစမ်းနိုင်ပြီး Ipod Shuffle 2Gb ၂၄ လုံးနှင့် mDrive အမှတ် တံဆိပ် ထီးများ ပေးအပ်သွားမည် ဖြစ်သည်။

ဆိုင်ဖွင့်ပွဲအမှတ်တရ အနေနှင့် ထားရှိပေးထားသည့် i love mDrive စာတမ်းနှင့် တွဲဖက် ရိုက်ကူးထားသော ဓာတ်ပုံကို www.facebook .com/appleauthorisedreseller စာမျက်နှာတွင် တင်မည် ။

Like အများဆုံးရရှိသူ ၃ ဦးကို ယနေ့ ည ၈ နာရီတွင်ရွေးချယ်၍ Apple Product များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal