ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းကာဂျပန်အမျိုးသမီးအသင်း တာထွက်လှ

ပို့စ်တင်ချိန် - 9/13/2013 12:57:00 PM

ဖိလစ် ပိုင် ၁-၄ ဂျပန် ၂၀၁၃အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၏ ပွဲစဉ်တစ် ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော ဖိလစ်ပိုင်အသင်းနှင့် ဂျပန်အသင်း တို့၏ပွဲစဉ်တွင် ဂျပန်အသင်းက ဖိလစ်ပိုင်အသင်း အား ၄-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်သည် ဖိလစ်ပိုင် အသင်းအတွက် ဒုတိယပွဲစဉ်ဖြစ် သော်လည်း ဂျပန်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ဖြစ်ခဲ့သည်။ ဂျပန် အသင်းသည် ပွဲစသည်နှင့် ဖိလစ် ပိုင်အသင်းဘက်သို့ တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဖိလစ်ပိုင်အသင်းမှာမူ အင်ဒိုနီးရှားနှင့်ပွဲက ခြေစွမ်းကိုရ ရှိခဲ့ခြင်းမရှိပေ။ ယင်းပွဲစဉ်တွင် ဂျပန်အသင်း၏ခြေစွမ်းသည် အ ကောင်းမွန်ဆုံးပုံစံတွင်ရှိနေခဲ့ပြီး ဦးဆောင်ဂိုးအား ပွဲချိန်လေးမိနစ် မှာပင်ရရှိခဲ့သည်။ ထိုဂိုးအား ကွင်း လယ်ကစားသမားမာရီကိုက ညာ တောင်ပံမှပေးပို့သည့် ဘောလုံး အား ရင်ဘတ်နှင့်ထိန်း၍ မြေမကျ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင် ဒုတိယဂိုးကိုလည်း ပွဲချိန် ၂၁ မိနစ်တွင် ဟာယူကာ၏ ဖြတ်တင် ဘောကို မာယူကီက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဂျပန် အသင်းသည် ပထမပိုင်းပွဲချိန်တစ် လျှောက် ဖိလစ်ပိုင်အသင်းအား ဖိအားပေးကစားနိုင်ခဲ့ပြီး တတိယ ဂိုးအား ပွဲချိန် ၄၅မိနစ်တွင်ရရှိခဲ့ ခြင်းဖြစ်သည်။ ထိုဂိုးအား မာယူ ကီက ဂိုးသမားကို ကျော်သွင်းယူ ရာ ဆက်ဆူကီကခေါင်း တိုက်သွင်း ယူခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းပြန်လည်စတင် ချိန်တွင် ဖိလစ်ပိုင်အသင်းသည် အပြန်အလှန်ဖိအားပေးကစား နိုင်ခဲ့သော်လည်း ဂျပန်နောက် တန်းကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိဘဲ ဂျပန်အသင်းကသာ စတုတ္ထဂိုးရ ရှိသွားခဲ့သည်။ ထိုဂိုးကိုတော့ ဟာ ယူကာက ဧရိယာအပြင်မှ ရှေ့တက် လာတဲ့ဂိုးသမားကိုကျော်ပြီး သွင်း ယူသွားခဲ့တာပါ။ ဖိလစ်ပိုင်အသင်း အတွက် နှစ်သိမ့်ဂိုးကိုတော့ နောက် ခံလူကွတ်က ပွဲချိန် ၈၅မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
Yangon Media Group