မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့

ပို့စ်တင်ချိန် - 9/05/2013 03:50:00 PM

အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်းတစ်ခုအတွင်း ဓားဒဏ်ရာ များနှင့် ဆိုးဆိုး ရွားရွားခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး ၏ အလောင်းကို တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခု အနီးရှိ ရေမြောင်းတစ်ခုအတွင်း ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ လောင်း၏ ခန္ဓာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့ သည်ဟု သိရသည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံးလွန်ခဲ့သည့် လေးရက်လောက်က အသတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိဖြတ်တောက်ထားခဲ့ကြောင်း၊ ကနဦးစစ်ဆေးမှုတွင် တွေ့ရှိ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာအမျိုးသားသည် အ သက် ၃ဝအရွယ်ခန့်ရှိပြီး အ လောင်းအား ခွဲစိတ်စစ်ဆေး မှုပြု၍ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP