ဇူကာဘတ်က အမေရိကန်၏ အချမ်းသာဆုံး အဆင့် ၂၀ ပုဂ္ဂိုလ် ပြန်ဖြစ်လာ

ပို့စ်တင်ချိန် - 9/19/2013 11:57:00 AM




Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး နံပါတ် ၂၀ မြောက် ပုဂ္ဂိုလ်နေရာကို ပြန်လည် ရရှိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးရေ ၄၀၀ စာရင်းထဲမှာ ဖြစ်ပါတယ်။ ယမန်နှစ်တုန်းက ပိုင်ဆိုင်မှု ငွေအင်အား ကန်ဒေါ်လာ ၉.၄ ဘီလျံနဲ့ နံပါတ် ၃၆ မှာ ရှိခဲ့သူပါ။ ယခုတော့ ပိုင်ဆိုင်မှု ၁၉ ဘီလျံ ဝန်းကျင် ရှိလာပြီး နံပါတ် ၂၀ ပြန်ရလိုက်ခြင်း ဖြစ်ပါတယ်။ IPO ကို ထုတ်မရောင်းခင် ၂၀၁၁ ခုနှစ်က သူရခဲ့တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ယခုတော့ သူပြန်ရလိုက်ပါပြီ။

Bloomberg ရဲ့  ပြောဆိုချက်အရ ကတော့ ဇူကာဘတ်ပိုင်ဆိုင်မှုက ၂၁.၇ ဘီလျံတောင် ဖြစ်ပါတယ်။ အဲ့ထပ်လည်း များချင်များနေအုံးမှာပါ။ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာတော့ ဘီလ်ဂိတ်က ရှိနေပါ သေးတယ်။ သူ့ပိုင်ဆိုင်မှုက ၇၂ ဘီလျံတောင်ပါ။ Larry Page နဲ့ Sergey Brin ကတော့ နံပါတ် ၁၃ နဲ့ ၁၄ ကို အစဉ်လိုက် ယူထား ပါတယ်။ အမေရိကန်နိုင်ငံရဲ့  နည်းပညာ လုပ်ငန်းဖြင့် အချမ်းသာဆုံး ဖြစ်သူ ဆယ်ဦးစာရင်းထဲ မှာတော့ ဇူကာဘတ်က နံပါတ် ၆ မှာ ရှိနေပါတယ်။ စာရင်းအတိအကျက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Bill Gates: No. 1, $72 billion
Larry Ellison: No. 3, $41 billion
Jeff Bezos: No. 12 , $27.1 billion
Larry Page: No. 13, $24.9 billion
Sergey Brin: No. 14, $24.4 billion
Mark Zuckerberg: No. 20, $19 billion
Steve Ballmer: No. 21, $18 billion
Michael Dell: No. 25, $15.9 billion
Paul Allen: No. 26, $15.8 billion
Charles Ergen: No. 32, $12.5 billion

အမေရိကန်ရဲ့ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မှာ နည်းပညာ လုပ်ငန်းများဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သိရပါတယ်။
.
Ref: mashable

အောင်ခမ်း (TSJ team)
TechSpace Journal