သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်

ပို့စ်တင်ချိန် - 9/20/2013 02:45:00 PM


အကယ်ဒမီမေဝင်းမောင်က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ သာယာပျော် ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင် ခဲ့ပါတယ်။ အမေရိကမှာ နေထိုင် နေချိန်အတွင်း အခုအချိန်ထိ ကလေး ထိန်းမခေါ်ဘဲ သားနဲ့သမီးကို အနီး ကပ်ကိုယ်တိုင်ပြု စုစောင့် ရှောက်နေ ကြောင်း သိရပါတယ်။

“သမီးလေး မေသန္ဒီက ၈နှစ် ပြည့်ခါနီးပါပြီ။ သားလေး  သိင်္ဂါ မောင်ကတော့ အခု ၅နှစ်ပဲပြည်သေး တယ်။ သမီးလေးက ဒီတစ်ခါကျောင်း ဖွင့်ရင် ၃တန်း၊သားလေးက သူငယ် တန်းတက်ရပါမယ်။ကျွန်မတို့ အခု အချိန်ထိ ကလေးထိန်းမထားပါဘူး။ ကလေးထိန်းတွေခေါ်လို့ရတယ်။ စိတ် ထဲမှာ စိတ်မချဖြစ်ပြီး ကိုယ်တိုင်ပဲ ထိန်းချင်တယ်။ ကျွန်မကိုယ်တိုင်ပဲ ကလေးတွေကို အချိန်ပြည့် ကြည့်ပါ တယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားမကြည့် ဖြစ်တာတောင်ကြာပြီ။ သွားကြည့်ရင် လည်း ကလေးတွေကြည့်တဲ့ ရုပ်ရှင်
ဇာတ်ကားပဲ သူတို့နဲ့ ကြည့်ဖြစ်တယ်။ ကိုယ့် ဘာသာကိုယ် သတ်သတ်ရုပ်ရှင် မကြည့်ဖြစ်တာကြာပြီ။ သူတို့ဝါသ နာတဲ့အပိုင်းကို ပံ့ပိုးပေးသွားမယ်လို့ ရည်ရွယ်ပါတယ်။ သမီးလေးကို စန္ဒ ရားတီးလည်း သင်ပေးနေပါတယ်။ ဒီကိုလာတဲ့အခါမှာလည်း မအေးအေး မြင့်နဲ့ အကတွေ သင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အကအပြင် ပတ္တ လား ကိုလည်း နုတ်စ်နဲ့ မအေးအေး မြင့်ရဲ့အစ်မက သင်ပေးနေပါတယ်။ သူဝါသနာပါရင် ဆက်လုပ်ပေါ့။ ဝါ သနာမပါရင်တော့ လ ည်း တစ်မျိုး ပေါ့။ ကိုယ်ကတော့ အခြေခံေ လးရ အောင်သင်ပေးနေပါတယ်” လို့ ပြော ပါတယ်။ သမီးနဲ့သား မြန်မာစကား ကို နားလည် အောင်အိမ်မှာ မြန်မာလိုပဲ ပြောဖြစ်သလို၊ ဘုရားစာတွေလည်း သင် ပေးတယ် လို့ ပြောပါတယ်။

“အိမ်မှာတော့ မြန်မာလိုပဲ ပြော တယ်။ သူတို့နားလည်ပါတယ်။ သမီး လေးကနည်းနည်းပိုပြောနိုင် ပါတယ်။ သားလေးကျတော့ မြန်မာလို သိပ် မပြောနိုင်ဘူး။ နားေ တာ့လည်ပါ တယ်။ ဘုရားစာတွေကိုလည်း သင် ပေးပါတယ်”"သူတို့ကို ဗုဒ္ဓဘာသာတစ်ယောက်ပဲ ဖြစ် လာစေချင်ပါတယ်။အမေက ပုတီးစိပ်တော့ သမီးလေးကကလည်း တစ်ခါတလေ ပုတီးလိုက်စိပ်တယ်။ သိပ်တော့နားမလည် သေးဘူး။ ဘုရားဂုဏ်တော်၊အရဟံ၊ ဘဂဝါ စသဖြင့်သူ့အတွက် မှတ်ရလွယ် တာလေးတွေပါပဲ။ ဘုရားရှိခိုးမှာ လည်းသရဏဂုံသုံးပါးလုံးဆိုတတ် ပါတယ်။သားလေးကတော့ မရ သေးဘူး။သင်ပေးရဦးမယ်” လို့အကယ်ဒမီမေဝင်းမောင် က ပြောပါတယ်။

ခိုင်ဝေလွင်
popular