ဘောလုံးအဖွဲ့ချုပ်နှင့် တိုယိုတာကားကုမ္ပဏီတို့ စပွန်ဆာကိစ္စဆွေးနွေး

ပို့စ်တင်ချိန် - 9/26/2013 12:42:00 PM



ရန်ကုန်၊ စက်တင်ဘာ ၂၅- မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာ မည့်နှစ်တွင် ကျင်းပမည့် ဘော လုံးပြိုင်ပွဲများစပွန်ဆာပေးနိုင်ရေး အတွက် တိုယိုတာကားကုမ္ပဏီ နှင့် ဆွေးနွေးမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ လက်ရှိကျင်းပလျက်သော ဘောလုံးပြိုင်ပွဲများအနက် မြန် မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား ''မြန် မာ''မှ လည်းကောင်း၊ မြန်မာနေ ရှင်နယ်လိဂ်(၂)ပြိုင်ပွဲအား ''နယူး ဟော်လန်''ဓာတ်မြေဩဇာမှ လည်းကောင်း အသီးသီးစပွန်ဆာ ပေးထားသည်။ သို့သော်လက်ရှိ ကျင်းပလျက်ရှိသော MNLC က စပြိုင်ပွဲမှာမူ စပွန်ဆာရရှိခြင်း မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မားကက်တင်း ဒါရိုက်တာဦး ဆူးအောင်က ''ကျွန်တော်တို့အ နေနဲ့ ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ် တဲ့ တိုယိုတာကားကုမ္ပဏီနဲ့ စပွန် ဆာစာချုပ်ကိစ္စချိတ်ဆက်နေပါ တယ်။ ကျွန်တော်စပြီး သူတို့နဲ့ချိတ် ဆက်နေခဲ့တာ ၂၀၁၃ နှစ်စက တည်းပါ။ ဂျပန်ကုမ္ပဏီတွေက အ လုပ်လုပ်တဲ့နေရာမှာ စေ့စပ်တော့ သူတို့အနေနဲ့ သေချာစဉ်းစားနေ ပုံရပါတယ်။ အခုဆိုရင်တော့ ရာ ခိုင်နှုန်းတော်တော်များများတော့ အောင်မြင်နေပါပြီ။ သူတို့နဲ့စ ကားပြောနေတာကတော့ လာမယ့် နှစ်မှာကျင်းပမယ့် ပြိုင်ပွဲတွေအ တွက်ပါ။ ကျွန်တော်သူတို့ဆီကို စာတင်ထားကတော့ ပြိုင်ပွဲအစုံ ပါပဲ။ ဘယ်ပြိုင်ပွဲမှာ စပွန်ဆာပေး မယ်ဆိုတာ၊ စပွန်ဆာကြေးဘယ် လောက်ဆိုတာကတော့ လက်ရှိ အချိန်မှာ သေချာမပြောနိုင်သေး ပါဘူး။ စာချုပ်မှာလက်မှတ်ထိုး ပြီးရင်တော့ သတင်းထုတ်ပြန်ပေး သွားမှာပါ''ဟု ပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် လာမည့်နှစ်တွင် လက် ရှိကျင်းပနေသည့် ပြိုင်ပွဲများအ ပြင် အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် မြန် မာနေရှင်နယ်လိဂ်(၂)လူငယ်ပြိုင် ပွဲတို့အား ကျင်းပသွားရန်စီစဉ် ထားကြောင်းသိရသည်။
Yangon Media Group