အမျိုးသမီးအသင်း၏အမှားများဆီးဂိမ်းမတိုင်မီ ပြင်ဆင်မည်

ပို့စ်တင်ချိန် - 9/20/2013 02:32:00 PM


အာ ဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင် ပွဲထက် ဆီးဂိမ်းပြိုင်ပွဲကအဓိက ဖြစ်ပြီး အသင်းရဲ့ကစားပုံအမှား အယွင်းတွေကို ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ အချိန်မီပြင်ဆင်မည်ဟု အသင်းနည်းပြချုပ် ကုမာဒါက ပြောသည်။မြန်မာအမျိုးသမီးအသင်း နှင့် ဂျပန်အသင်းတို့ အုပ်စုဗိုလ် နေရာလုပွဲအပြီးတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသမီးအသင်းအနေ ဖြင့် လက်ရှိကျင်းပနေသည့်အာ ဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ဆီးဂိမ်းအကြိုပြိုင်ပွဲအဖြစ် ကစား ခြင်းဖြစ်သော်လည်း အဓိကပစ် မှတ်မှာ ဆီးဂိမ်းပြိုင်ပွဲဗိုလ်စွဲနိုင် ရေးဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ နည်း ပြချုပ်ကုမာဒါက ''အခုလက်ရှိမှာ အသင်းရဲ့ကစားပုံအမှားအယွင်း တွေ ရှိနေတယ်။ ဒါကိုဆီးဂိမ်းပြိုင် ပွဲမတိုင်မီပြင်ဆင်ပေးမယ်။

အဓိက ပစ်မှတ်က ဆီးဂိမ်းပြိုင်ပွဲပါ''ဟု ၎င်းကပြောသည်။မြန်မာအမျိုးသမီးအသင်း နှင့် မြန်မာယူ-၂၃အသင်းတို့ ဆီး ဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် အတွက် နှစ်သင်းစလုံး၏အဓိက အားနည်းချက်မှာ တိုက်စစ်ဆုံးရှုံး ချိန်တွင် ခံစစ်သို့ကူးပြောင်းရာ၌ အမျိုးသားအသင်းရော အမျိုး သမီးအသင်းပါ အထနှေးခြင်း၊ တန်ပြန်တိုက်စစ်ဆင်ရာတွင် ဘော လုံးသမားများ လျင်မြန်စွာနေရာ မယူနိုင်ခြင်းတို့ဖြစ်သည်။

ဂျပန်ယူ-၂၃အသင်း နည်း ပြ ဟိုရီနိုဟီရိုယူကီက ''မြန်မာ အသင်းရဲ့ ရှေ့တန်းနဲ့နောက်တန်း ကစားသမားတွေက သိပ်ကောင်း ပါတယ်။ ဒါပေမဲ့ အသင်းရဲ့အဓိက အားနည်းချက်က ဘောလုံးဆုံးရှုံး သွားရင် ခံစစ်က သိပ်နှေးတယ်'' ဟု ယင်းက သုံးသပ်ပြောသည်။
အမျိုးသမီးအသင်းအနေ ဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက် နိုင်ခဲ့သော်လည်း ဩစတြေးလျ အမျိုးသမီးအသင်းနှင့် တွေ့ဆုံနေ ခြင်းဖြစ်သည့်အတွက် ဗိုလ်လုပွဲ တက်ရန် ခက်ခဲမည်ဖြစ်သည်။
Yangon Media Group