မြစ်ငယ်မြို့တွင် မီးအားမြှင့်စက်မှ အပူလွန်ပြီးမီးလောင်

ပို့စ်တင်ချိန် - 9/06/2013 09:10:00 AM

မန္တလေးတိုင်း မြစ်ငယ်မြို့ အထက်တန်းကျောင်းအနီးရှိ အောင်ချမ်းသာရပ်ကွက်တွင် စက်တင်ဘာ ၄ ရက် ကမီးလောင်ခဲ့ပြီး လူနေအိမ်ခုနစ်လုံး လောင်ကျွမ်းခဲ့သည်။

အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ ဒေါ်သီတာအေးနေအိမ်မှ မီးအားမြှင့်စက် အပူလွန်ကဲပြီး စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ရာ ၂၄ နာရီလုံးအမြဲမပြတ် အသုံးပြုခဲ့သည့်အတွက် အပူလွန်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမီးသတ်ဦးစီးဌာနကဆိုသည်။

နေအိမ်များ မီးလောင်ခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိပေ။ နံနက်လေးနာရီခွဲမှ စတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၄၈) စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်ဟုဆိုပြီး နံနက် ခြောက်နာရီကျော်တွင် ငြှိမ်းသတ်နိုင်ခဲ့ သည်။

အဆိုပါ လောင်ကျွမ်းမှုကြောင့် နံကပ်နှစ်ထပ်အိမ် သုံးလုံး၊ သွပ်မိုးထရံကာ အိမ်သုံးလုံး၊ မောင်တော်ဆိုင်ကယ်
လေးစီးနှင့် ရွှေထည်ပစ္စည်းများ လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၆၇ သိန်းကျော်ရှိကြောင်း မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ဒေါ်သီတာအေးကို မြစ် ငယ်ရဲစခန်းမှ အမှုဖွင့်အရေး ယူထားသည်။
mizzimaburmese