သီလဝါအထူးစီးပွားရေးဇုန်တွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်မဟုတ်

ပို့စ်တင်ချိန် - 9/18/2013 08:53:00 AM



သီလ ဝါ အထူးစီးပွားရေးဇုန်၏ လျှပ်စစ် လိုအပ်ချက်ကို ဂက်စ်တာဘိုင်များ နှင့် နိုင်ငံ၏ပင်မဓာတ်အားလိုင်းမှ သာ အသုံးပြုသွားမည်ဖြစ်ပြီး၊ ကျောက်မီးသွေးစက်ရုံ တည်ထောင် ကာ ဆောင်ရွက်သွားမည်မဟုတ် ကြောင်း သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။ ယင်းသို့ ပြောဆိုခြင်းမှာ အင်တာနက်စာမျက်နှာတွင် သီ လဝါ အထူးစီးပွားရေးဇုန်တွင် လျှပ်စစ်လိုအပ်ချက်အရ ကျောက် မီးသွေးစက်ရုံ တည်ဆောက်ရန် ရှိသည်ဟု ဦးဆက်အောင်က အ မျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူ စဉ်ပြောကြားခဲ့သည့်ကိစ္စနှင့်ပတ် သက်ပြီး အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဦးဆက်အောင်က''ကျောက် မီးသွေးသုံးမယ်လို့ ဒုဝန်ကြီးဖြစ် တုန်းကလဲမပြောခဲ့ပါဘူး။ကျောက် မီးသွေးလဲ အသုံးပြုသွားမှာမဟုတ် ပါဘူး။ လောင်စာဆီနှစ်မျိုးသုံးလို့ ရတဲ့ ဂက်စ်တာဘိုင်တွေနဲ့ နိုင်ငံရဲ့ ပင်မဓာတ်အားလိုင်းကနေ အသုံး ပြုသွားမှာပါ''ဟုပြောသည်။
အဆိုပါ သီလဝါ အထူးစက် မှုဇုန်သည် ပထမအဆင့်အနေ ဖြင့် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ် ၅ဝသာလိုအပ်မည်ဖြစ်ပြီး စီမံ ကိန်းကြီးတစ်ခုလုံးအတွက်ဖြစ်ပါ က မဂ္ဂါဝပ် ၈၀ဝလိုအပ်မည်ဖြစ် ကြောင်းသိရသည်။

ဦးဆက်အောင်က''ကျောက် မီးသွေးက Clean Coal Technology ကို အသုံးပြုသွားရင်လဲ ဂက်စ် ကိုသုံးသလိုပါပဲ။ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိပါဘူး။ နည်း ပညာမှန်ကန်ဖို့တော့လိုတာပေါ့။ အမေရိကန်မှာဆိုရင်လဲ လျှပ်စစ် ဓာတ်အားရဲ့ ရာခိုင်နှုန်း ၅ဝလောက် ကျောက်မီးသွေးကိုပဲ အသုံးပြု ထားတာတွေ့ရပါတယ်။ Clean Coal Technology က ဈေးကြီး တာမှန်ပေမယ့် အသုံးမပြုနိုင် လောက်အောင် သိပ်မြင့်နေတာ မဟုတ်ပါဘူး''ဟု ဆက်၍ပြောသည်။

သီလဝါအထူးစီးပွားရေး ဇုန်ကို ပထမအဆင့်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အပြီးလုပ်ဆောင် သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင် နေသူတစ်ဦးက ''ကျောက်မီးသွေး မသုံးရင်တော့ အကောင်းဆုံးပေါ့။ ကျောက်မီးသွေးသုံးလို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြဿနာတွေဖြစ်နေ တယ်။ မြန်မာနိုင်ငံမှာက ကျောက် မီးသွေးအစား အခြားလျှပ်စစ်မီး ရအောင်လုပ်နိုင်တဲ့အရာတွေ အ များကြီးရှိပါတယ်''ဟု ပြောသည်။

မြန်မာအင်ဂျင်နီယာတစ် ဦးက ''ဂျပန်မှာလဲ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံသုံးတာ ပါပဲ။ အဓိကကတော့ နည်းပညာ ကို မြင့်မြင့်မားမားနဲ့လုပ်ရင် ပတ် ဝန်းကျင်ထိခိုက်မှုမရှိပါဘူး။သမ္မတ ကြီးကိုယ်တိုင် အဲဒီဂျပန်ကကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကိုသွားကြည့်ခဲ့သေးတယ်။ အဲဒီ စက်ရုံကုမ္ပဏီက မြန်မာမှာကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အကူအညီပေးဖို့ လုပ်ဆောင်နေ တယ်ကြားတယ်။ အမေရိကန်မှာ ကျောက်မီးသွေးနဲ့ဓာတ်အားပေး တဲ့ စက်ရုံတွေအများကြီးရှိတယ်။ တီကျစ်ကျောက်မီးသွေးစက်ရုံ လိုမဖြစ်ဖို့ အရေးကြီးပါတယ်''ဟု သူ၏အမြင်ကို ပြောသည်။သီလဝါ အထူးစီးပွားရေး ဇုန်သည် ဟက်တာပေါင်း ၂၄၀၀ ရှိပြီး ပထမအဆင့်သည် ဟက်တာ ပေါင်း ၄၀ဝနီးပါးရှိကြောင်းသိရ သည်။
Yangon Media Group