ခင်ဝင့်ဝါအနိုင်ရဖို့ မဲတွေ ဘယ်လို ဝယ်ထည့်မလဲ

ပို့စ်တင်ချိန် - 9/05/2013 03:41:00 PM


ဘယ်လာရုစ်မှာ မယ်ပြိုင်ပွဲဝင်နေတဲ့ ခင်ဝင့်ဝါကို အင်တာနက်မှာ မဲထည့်လို့ရပါပြီ။

Miss Internet ဆု အတွက် ဖြစ်ပါတယ်။

တခါထည့်ရင် ၁ဝ မဲ ပေးနိုင်တဲ့အစီအစဉ်ပါ။

သို့သော်လည်း မဲထည့်တာ အခမဲ့တော့ မဟုတ်ပါဘူး။ အဲဒီ ၁ဝ မဲ အတွက် ၅ ဒေါ်လာ ကုန်ပါမယ်။
ဒီတော့ ခရက်ဒစ်ကတ်/ဘဏ်ကတ် သုံးရပါလိမ့်မယ်။



http://www.misssupranational.com/VotingPage.html ကို သွားရင် အထက်ပါအတိုင်း လျှောက်လွှာဖြည့်ရမှာပါ။

လိုအပ်တာတွေ ဖြည့်ပြီးရင် Vote ဆိုတာကို ကလစ်လိုက်ပါ။
ကိုယ့်အီးမေးကို အောက်ကစာ ရောက်လာတာ သိပ်မကြာခင်မှာ တွေ့ရပါလိမ့်မယ်။

Welcome!

Current status of the transaction ( OrderID: frtruf9 ) amounting to 5.00 U.S.$, made at "misssupranational.com" Payment Point is: start.

If you have any questions or problems regarding the transaction,
please contact us via e-mail: [email protected]
or phone: +48 32 7641832

This message is generated automatically.
Please do not reply.



Vote ကလစ်ပြီးရင် ချက်ချင်း ပေါ်လာမှာကတော့ အထက်က ပုံမှာ ပြထားတဲ့အကွက်တွေပါပဲ။

အဲဒီမှာ လိုအပ်တာတွေကို ရိုက်ထည့်ပါ။ ခရေပွင့်ပြထားတာတွေက မဖြစ်မနေ ဖြည့်ရမယ့်အကွက်တွေပါ။

ဆိုခဲ့သလိုပဲ .... ၁ဝ မဲ အတွက် ၅ ဒေါ်လာ ကုန်မယ်၊ များများထည့်ရင် များများ ကုန်ပါမယ်။

ဒီငွေတွေ ဘယ်ကို ရောက်မှာလဲ။
Miss Supranational ပြိုင်ပွဲကို စီစဉ်တဲ့သူထဲမှာ ပါဝင်တဲ့ Nowa Scena ဆိုတဲ့သူဆီကို ရောက်မယ်လို့ ယူဆပါတယ်။ Payment to Nowa Scena sp. z o.o. လို့ ဆိုထားပါတယ်။
ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ဘဏ်ကတ် အကြွေးကတ် အချက်အလက်များ သူတို့ကို ပေးရမှာ ဆိုတော့ ဒီအချက်အလက်တွေ လုံခြုံရေးက စိတ်ချရပါ့မလား။ အင်း... ဒါကတော့ အဲဒီ မဲ စပြီး ထည့်တဲ့ စာမျက်နှာမှာ ပါတဲ့ စည်းကမ်းချက်များကို ဖတ်ပြီး ဆုံးဖြတ်ပါ။

Changes to this privacy policy Nowa Scena sp. z o.o. has the discretion to update this privacy policy at any time. When we do, we will revise the updated date at the bottom of this page. We encourage Users to frequently check this page for any changes to stay informed about how we are helping to protect the personal information we collect. You acknowledge and agree that it is your responsibility to review this privacy policy periodically and become aware of modifications. လို့လည်း ရေးထားပါတယ်။

ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိတော့ မြန်မာပြည်သားတွေက မဲအများဆုံးပေးနေတာ တွေ့ရပါတယ်။

Myanmar        2180
Honduras    80

Macau        200
Thailand        730

Togo        10
Philippines    50

Poland        20
Puerto Rico    50


အခုချိန်အထိတော့ Miss Internet ဆု အတွက် မဲရောင်းချမှုမှာ ခင်ဝင့်ဝါကို အားပေးသူတွေ အများဆုံး ၀ယ်ယူနေတာ တွေ့ရမှာပါ။
ဆိုခဲ့သလိုပဲ ... လွန်ခဲ့တဲ့ ၁၅ မိနစ်က သူ ရရှိထားတဲ့ မဲအရေအတွက် 2,180 ရှိပါတယ်။
အခု ဒီပို့စ်ကို အင်တာနက် တင်မယ့်အချိန် ကြည့်လိုက်တော့ 2240 ရှိနေတာ တွေ့ရပါတယ်။
ခင်ဝင့်ဝါကို အားပေးသူတွေ ဘဏ်ကတ်၊ အကြွေးဝယ်ကတ်တွေသုံးပြီး မဲထည့်မှုဟာ ဒီထက်ပိုပြီး များလာဖွယ် ရှိပါတယ်။
မဲဝယ်နိုင်တာ နက်ဖန် နောက်ဆုံးပါပဲ။

နက်ဖန် ဗိုလ်လုပွဲရက် ကျော်ရင် မဲဝယ်လို့ ရကောင်း ရနိုင်ပါတယ်။
သို့သော်လည်း ပွဲက ပြီးသွားပြီဆိုတော့ မဲတော့ မရနိုင်တော့ပါဘူး။
မဲမရပေမယ့် ကိုယ့်ပိုက်ဆံကတော့ ပွဲစီစဉ်သူများ ယူသွားမှာ သေချာသလောက် ရှိပါတယ်။

သူတို့ ရမယ့် ငွေတွေကလည်း ပြိုင်ပွဲကုန်ကျစရိတ်အတွက် သုံးမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ