ခါးပိုက်နှိုက်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/01/2013 10:52:00 AM


၃၁.၈.၂၀၁၃ ရက်နေ့ ၀၉၄၅အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် လှည်းကူးမြို့နယ်၊မြို့မဈေးရှေ့မှတ်တိုင်၌ သတင်းစုံးစမ်းနေစဉ် ပဲခူး-ရန်ကုန် ခရီးသည်တင် ဟိုင်းလတ်ယာဉ်ပေါ်မှ
ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ စိုးတင့်(ခ)ဖိုးသံ၊ (ဘ)ဦးခင်စိန်၊ (၂၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအား
တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ
ငွေကျပ်(၇၀၀၀)အားတွေ့ရှိရပြီး အဆိုပါငွေများအား လှည်းကူးတာဆုံ၌
ဆင်းသွားသော အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့သောငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လှည်းကူးမြို့ မရဲစခန်း(ပ)၃၂၈/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။