(၅)ဘီလီယံတဲ့ ထပ်ပေါ်လာပြန်ပါပြီ။

ပို့စ်တင်ချိန် - 9/19/2013 11:59:00 AM


စင်္ကာပူ ဘဏ်၂ခုတွင် စစ်ခေါင်းဆောင်များ ဒေါ်လာ ၅ဘီလီယံ အပ်ထားဟု ERI ဖွင့်ချ

မြန်မာစစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ၉နှစ်အတွင်း ရတနာ ဂတ်စ်ပိုက် လိုင်းမှ ရရှိသော အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅ဘီလီယံကို စင်္ကာပူရှိ ဘဏ် နှစ်ခုတွင် အပ်နှံထားကြောင်း Earth Rights International – ERI က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

Oversea Chinese Banking Corporation နှင့် DBS Group ဘဏ်နှစ်ခုတွင် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော ငွေများကို အပ်နှံထားခြင်း ဖြစ်ကြောင်း၊ ဓာတ်ငွေ့ရောင်းချမှုမှ လစဉ် ဒေါ်လာ သန်း ၁၅ဝ ပုံမှန် ရရှိနေ ကြောင်း ERI ၏ အစီရင်ခံစာကို ကိုးကားပြီး လယ်ရီဂျေဂင်က The National သတင်းစာတွင် ရေးသားခဲ့သည်။

ပြည်တွင်း သတင်း မီဒီယာအချို့တွင် မြန်မာနိုင်ငံမှ နိုင်ငံခြား ဘဏ်များတွင် ဘဏ်ရင်း ၅ခုဖွင့်ကာ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားကြောင်း စွပ်စွဲချက်များ ပေါ်ထွက် လာခဲ့ပြီး မြန်မာအစိုးရ ဒုတိယ ပြန်ကြားရေး ဝန်ကြီးက အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

၁၁ ဘီလီယံ ဘဏ်စာရင်းနှင့် ပတ်သက်ပြီး ခိုင်မာသော အချက်အလက်များ ပေါ်ထွက် မလာသေးချိန်တွင် ERI က ၅ဘီလီယံရှိကြောင်း ဖွင့်ချလိုက်ခြင်း ဖြစ်သည်။....Kamayut

cokodmoe
Classic Burma News