ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ် ပြန်လည်ရောက်ရှိ

ပို့စ်တင်ချိန် - 9/24/2013 07:05:00 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စင်္ကာပူနိုင်ငံကို ၄ ရက်ကြာခရီးစဉ်အပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာပါတယ်။

အန်အယ်ဒီပါတီဝင်တွေနဲ့ သူ့ ကိုထောက်ခံသူတွေက ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုခဲကြပါတယ်။ သူရဲ့ခရီးစဉ်အတွင်း စင်္ကာပူ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရောက်ခဲ့ပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲနဲ့ စီးပွားရေးအကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံက စီးပွားရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

စင်င်္ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြောခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့သလို အမိနိုင်ငံတိုးတက်ကောင်းမွန်ဖို့ လူငယ်တွေအနေနဲ့ ကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ပါလီမန်ကို သွားရောက်လေ့လာပြီး စင်္ကာပူ သမ္မတနဲ့ ၀န်ကြီးချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်
DVB TV News