ရန်ကုန်ဆေးရုံကြီးဂုဏ်သိက္ခာထိခိုက်အောင်ပြုလုပ်သူများကို ဖော်ထုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 9/18/2013 08:41:00 AM



ရန်ကုန်ဆေးရုံကြီးဂုဏ်သိက္ခာထိခိုက်အောင်ပြုလုပ်သူများကို
ဖော်ထုတ်ဆန့်ကျင်ရေး၊ဒလမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို ပြုပြင်ပေးရေး၊
စသည့်ရည်ရွယ်ချက်များဖြင့် အရပ်သား ၂၀ ခန့်က
ယနေ့နေ့လည်တွင် အမျိုးသားသွေးလှူဘဏ်ရှေ့တွင် ဆန္ဒထုတ်ဖော်ကြသည်။
ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သည့် ဦးမိုးသူက "ကျွန်တော်က ၀န်ထမ်းအိမ်ရာမှာနေထိုင်တဲ့မိသားစုဝင်တစ်ဦးပါ၊
လိုင်းခန်းတွေပြိုကျနေပြီ၊အဲဒါတွေပြုပြင်ပေးစေချင်တယ် ၊မီတာခတွေကလည်းအရပ်ဘက်နဲ့မတူအောင်ပေးနေရတယ်၊
အဲဒါတွေညှိုပေးစေချင်တယ် "ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို နေ့လည် ၁၂ နာရီမှ ၂ နာရီ
အထိပြုလုပ်ခဲ့ခြင်းဖြစ်သည် ။Mz
Popular Myanmar News Journal