ဂျပန်မှ မန္တလေးသို့ တိုက်ရိုက်ခရီးစဉ် စင်းလုံးငှား လေယာဉ်ဖြင့် ယခုလအတွင်း သုံးခေါက်လာမည်

ပို့စ်တင်ချိန် - 9/21/2013 03:05:00 PM


မန္တ လေးမြို့နှင့် အထက်မြန်မာပြည် ခရီးစဉ်များကို အလေးထားသွား ရောက်သည့် နိုင်ငံခြားသားခရီး သည် များလာရာ ယခုလအတွင်း ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ တိုက် ရိုက်လာရောက်မည့် လေယာဉ် ခရီးသည် သုံးခေါက်ပျံသန်းရမည် ဖြစ်ကြောင်း MAI Mandalay Station Incharge ဦးဇော်ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်း စာသို့ ပြောသည်။

''ဒီလအတွင်း ဂျပန်ခရီးသည် တွေ မန္တလေးကို MAI နဲ့ တိုက် ရိုက်သုံးခေါက်လာပါ့မယ်။ 3208J 144 လေယာဉ်ကြီးနဲ့ စင်းလုံးငှား ခရီးစဉ်ပျံသန်းပေးတာပါ။ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ သီပေါ၊ ပုဂံညောင်ဦး စတဲ့ခရီးသွား ဇုန်တွေကို ပြည်တွင်းခရီးစဉ်အ ဖြစ် လေ့လာကြမှာပါ။ ဂျပန်နိုင်ငံ ကို ပျံတဲ့အခါ ရန်ကုန်လေဆိပ်က ပဲ MAI က ပို့ဆောင်ပေးရပါမယ်'' ဟု ယင်းကပြောသည်။

စက်တင်ဘာ၁၃ရက်က KUMA-MOTO မြို့မှ ဂျပန်ခရီး သည် ၈၈ဦး၊ ၁၈ရက်က KAGO- SHIMA မြို့မှ ဂျပန်ခရီးသည် ၉ရဦး ဂျပန်-မန္တလေးတိုက်ရိုက် ခရီးစဉ် စင်းလုံးငှားလေယာဉ်ဖြင့် လာရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၃ရက်တွင် NAGASAKIN မြို့ မှ ဂျပန်ခရီးသည်များကို MAI မှ တိုက်ရိုက်ပျံသန်းပေးမည်ဖြစ် သည်။ ယခုနှစ် ဧပြီလတွင် ဂျပန် နိုင်ငံမှ စင်းလုံးငှားခရီးသည်များ လေးခေါက်လာခဲ့ပြီးဖြစ်ရာ ဩဂုတ် လအထိ MAI လေကြောင်းလိုင်း မှ ဂျပန်-မန္တလေးတိုက်ရိုက်စင်း လုံးငှားခရီးစဉ် ခုနစ်ခေါက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon Media Group