ကိုရီးယားတွင်ကွမ်းစားသုံးမှုလျှော့ချရေး လူထုလှုံ့ဆော်ပွဲစတင်

ပို့စ်တင်ချိန် - 9/04/2013 09:10:00 AM


ကိုရီးယား နိုင်ငံ ဘူဖျောင်းမြို့တွင် မြန်မာ တို့စားသုံးသည့်ကွမ်းသွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစား သုံးမှုလျှော့ချရေးအတွက် ပညာ ပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်း ကို ယနေ့နံနက်ပိုင်းတွင် စတင် ပြုလုပ်နေပြီဖြစ်သည်။
မြန်မာစင်တာက ကမကထ ပြု၍ မြန်မာနိုင်ငံသားများ ပူး ပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများကျင် လည်ရာဝန်းကျင်ရှိ ညစ်ပတ်နေ သော ကွမ်းသွေးများကို ဆေး ကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများကပ်ခြင်း၊ လက်ကမ်းစာရွက်ဝေခြင်းတို့ကို လူအင်အား ၄ဝခန့်ဆောင်ရွက် ကြခြင်းဖြစ်သည်။
''မြန်မာတွေကွမ်းစားတာ ကို အပြစ်မပြောလိုပေမယ့် စည်း ကမ်းမရှိ ကွမ်းတံတွေးထွေးတာ ကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာဆို တော့ ပြောစရာဖြစ်တာပေါ့'' ဟု အင်ချွန်းမြို့တွင် နေထိုင်သူတစ်ဦး က ပြောသည်။
ဘူဖျောင်းမြို့တွင် မြန်မာ စားသောက်ဆိုင် ၁ရဆိုင်ရှိသည့် အနက် ကွမ်းရောင်းသည့်ဆိုင်ငါး ဆိုင်ခန့်ရှိပြီး ယာပြီးသား ကွမ်း ရှစ်ယာခန့်ပါသည့် အထုပ်လိုက် ရောင်းခြင်းများနှင့် မယာရသေး သည့် အမယ်စုံပါသည့် ကွမ်းအ ထုပ်လိုက်ရောင်းခြင်းများရှိကြောင်း သိရသည်။ ကွမ်းယာကို သွားရင်း လာရင်း အလွယ်တကူစားပြီး ကွမ်း သွေးကို အလွယ်တကူထွေးကြ သည့်အတွက် သစ်ပင်ရင်း၊ မြောင်း ပေါက်ဝနှင့် ချောင်ဖြစ်သည့်နေ ရာများတွင် ကွမ်းသွေးနီရဲရဲ အ ကွက်များ အများဆုံးဖြစ်ပေါ်လျက် ရှိပြီး လမ်းတစ်လျှောက် နီရဲနေ တတ်သဖြင့် ဘူဖျောင်းစာတိုက် ဘေးလမ်းကို 'လမ်းနီလေး'ဟု ပင် မြန်မာတွေက ခေါ်ဝေါ်ကြ သည်အထိဖြစ်သည်။
''လုပ်သင့်တယ်။ ဒါကို ကို ရီးယားမှာတင်မကဘူး။ မြန်မာ ပြည်မှာလဲလုပ်သင့်တယ်။ အခြား မြန်မာတွေရှိတဲ့နိုင်ငံတွေမှာလဲ လုပ်သင့်တယ်။ ဒီကွမ်းက အတော် ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာ ရေးနဲ့လဲမသင့်လျော်ဘူး။ ဒါကြီး ကို အားလုံးပြုပြင်သင့်ပြီ။ ဘုန်း ကြီးတို့ကျောင်းမှာလဲ အမြဲပြော ဆိုနေရတယ်။ ဆေးကြောနေရ တယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်''ဟု ဘူဖျောင်း မြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်း မှ ဝေါဆရာတော်က မိန့်သည်။
ယနေ့လုပ်သည့် ကွမ်းကမ် ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာ မြောက်ဘက်ခြမ်းကို အဓိကထား ၍ နံနက်ပိုင်း၊ ညနေပိုင်းနှစ်ချိန် ခွဲ၍ပြုလုပ်ရာ ကွမ်းသွေးကွက် များ အကုန်အစင်နီးပါးသန့်ရှင်း နိုင်ပြီး လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။
''တချို့က စာရွက်ပေးတာ ကိုမယူဘူး။ ကျွန်တော်ကွမ်းမစား ဘူးဗျလို့ ပြန်ပြောတယ်။ ကိုယ် ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မ ဆိုင်ဘူးလို့လုပ်တာကတော့ မဖြစ် သင့်ဘူးထင်တယ်။ အခုကမ်ပိန်း လိုက်လုပ်နေတဲ့သူတွေက ကွမ်း စားနေသူတွေမှမဟုတ်တာ။ ဒါ ဟာ အားလုံးနဲ့ဆိုင်တယ်။ ကိုယ် မလုပ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ဝိုင်းဝန်းဟန့် တားဖို့ပြုပြင်ဖို့ အားလုံးမှာ တာ ဝန်ရှိတယ်လို့ထင်တယ်''ဟု ကမ် ပိန်းတွင်ပါဝင်သည့် ကိုဇေယျာ အောင်က ပြောသည်။
ဒုတိယအကြိမ်လှုပ်ရှားမှု ကို ကောက်သစ်စားပွဲတော် (ချု ဆော့ပိတ်ရက်)စက်တင်ဘာ ၁၉ ရက်တွင် ဘူဖျောင်းမြို့နှင့်ပူချွန်း မြို့များ၌ ကျန်းမာရေးဆိုင်ရာပညာ ပေးမှုနှင့် ကွမ်းစားသုံးမှုလျှော့ချ နိုင်ရန် ပြုလုပ်သွားမည်ဖြစ်သည်။

Yangon Media Group