ယာဉ်၏နောက်မှတွယ်စီးလိုက်ပါလာသူ ရွာအ၀င်ရှိ သတိပေးသစ်သားတန်းနှင့် တိုက်မိသဖြင့် ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 9/05/2013 05:34:00 PM


ရန်ကုန်၊ စက်တင်ဘာ ၅

၎.၉.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကော့မှူးမြို့နယ်၊ ကော့မှူး-ဒလ ကားလမ်းအတိုင်း ကော့မှူးဘက်မှ ဒလဘက်သို့ ယာဉ်မောင်း မြင့်ဇော် (ဘ)ဦးအောင်မြင့်၊ ကွမ်းခြံကုန်းမြို့နယ်နေသူ မောင်းနှင်လာသော
၅က/---- ဟိုင်းလတ်အငှားယာဉ်သည် ကျူတောချောင်ကျေးရွာ အရောက်တွင် ယာဉ်၏နောက်မှ တွယ်စီးလိုက်ပါလာသူ ဦးစံသိန်း (ဘ)ဦးညွန့်တင်၊ ကွမ်းခြံကုန်းမြို့နယ်နေသူမှာ ရွာအ၀င်ရှိ
(၃)တန်အထက်ယာဉ်မ၀င်ရဟုရေးသားထားသည့်သစ်သားတန်းနှင့် တိုက်မိပြီးယာဉ်ပေါ်မှပြုတ်ကျခဲ့ရာ ဦးစံသိန်းတွင် ဦးခေါင်းနောက်စေ့၌
ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားသောကြောင့် ယာဉ်မောင်းမြင့်ဇော်အား
ကော့မှူးမြို့မရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police