အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းကနေ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်

ပို့စ်တင်ချိန် - 9/18/2013 08:38:00 AM


ဖိလစ်ပိုင်နိုင်ငံမှာ ဂ ရက်ကြာ ပြင်းထန်စွာ ပဋိပက္ခဖြစ်နေတဲ့ မွတ်ဆလင်လွတ်မြောက်ရေးသူပုန်တွေကို ဖိလစ်ပိုင်အစိုးရက မနေ့က ရဟတ်ယာဉ်တွေသုံးပြိးလေကြောင်းကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါ မြို့ကို မွတ်ဆလင်သူပုန်တွေက စီးနင်းထားတာဖြစ်ပါတယ် ။တိုက်ပွဲအတွင်း ပြည်သူ (၆၀) ၊ ရဲတပ်ဖွဲ့ဝင်(၄)ဦးးနဲ့ ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့(၆)ဦးတို့ သေဆုံးခဲ့ပါတယ် ။ဒေသခံများလည်း ထွက်ပြေးနေရပြီး ငါးသေတ္တာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ဇမ်ဘိုအန်ဂါမြို့မှာ တနေ့ဝင်ငွေ (၁.၁ ဘီလျှံ) ဆုံးရှုံးနေပါတယ်။
မွတ်ဆလင်သူပုန်အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကတ်သလစ်ဘာသာဝင်တွေနေထိုင်ရာနယ်မြေတွေကို မွတ်ဆလင်သူပုန်တွေက နယ်မြေခွဲခြားရယူနိုင်ဖို့အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အစိုးရဘက်မှ မွတ်ဆလင်သူပုန်တွေကို ပြတ်ပြတ်သားသားနှိမ်နှင်းခဲ့တာဖြစ်ပါတယ် ။ ဇမ်ဘိုအန်ဂါ ရဲ့ ကမ်းရိုးတန်း ရွှာနှစ်ရွှာမှာလည်း သူပုန်တွေနဲ့အစိုးရတပ်တွေ
မြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတယ်လို့ အစိုးရစစ်တပ်က ပြောကြားပါတယ် ။ အစိုးရဘက်က စစ်သား ၃၀၀၀ ကျော်နဲ့ ဇမ်ဘိုအန်ဂါတ၀ိုက်ကို ပိတ်ဆို့ဝိုင်းရံနေပြီး သူပုန်အင်အား ၁၀၀ ဟာ ပိတ်မိနေပြီး အရပ်သားတွေကို ဓါးစာခံအဖြစ်အသုံးပြုနေပါတယ်။၁၅ ရက်နေ့ကလည်း သူပုန်တွေဟာ လက်နက်ချ အညံခံပြီး အရပ်သားတွေပုံစံဟန်ဆောင်ပြီးထွက်ပြေးဖို့လုပ်နေရာ အစိုးရစစ်တပ်က ဖမ်းမိခဲ့သလို သူပုန်တွေ ဆုတ်ခွါမယ့်လမ်းကြောင်းတွေကိုလည်း ပိတ်ထားပြိးဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်း သူပုန် ၅၁ ယောက် သေဆုံးသွားပြီလို့ အစိုးရစစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးကပြောဆိုပါတယ်။

မြန်မာပြည်သား