ဧရာဝတီမြစ်ရေမြင့်တက် မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိ

ပို့စ်တင်ချိန် - 9/13/2013 06:20:00 PM


ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီး မြို့ပတ်ကမ်းနားလမ်းတစ်လျှောက်နေရာအချို့ကို သဲအိတ်တွေကာရံချထားတာ၊ ရေကင်းလုံခြုံရေးချထာ.တာတွေ ယခုလ ၁၂ ရက်ကစပြီးပြုလုပ်နေရပါတယ်။
အောင်မြေသာစံမြို့နယ်အတွင်း ၂၂ လမ်း ကနေ မြောက်ဘက် ညောင်ကွဲရပ်ကွက် အထိ မြို့ပတ်ကမ်းနားလမ်းတစ်လျှောက် ရေစိမ့်ဝင်နိုင်တဲ့နေရာတွေကို မန္တလေး စည်ပင်က သဲအိတ်တွေ လိုက်လံချထားပေးနေတာဖြစ်ပါတယ်။
မြို့ပတ်ကမ်းနားလမ်းဟာ ဖို့မြေပေါ်မှာ ဖောက်လုပ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ရေများပြီး ဖောက်လုပ်ဆဲလမ်းရေတိုက်စားတာခံခဲ့ရဘူးပါတယ်။
The Modern News Journal