တစ်ချိန်က သိပံ္ပလွန်ဆိုသော အဖြစ်များ

ပို့စ်တင်ချိန် - 9/19/2013 06:15:00 PM



သိပံ္ပအခြေပြု ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ပြများ၊ ၀တ္ထုများထဲတွင် လူများ၏လှုပ်ရှားမှုကို လုံးဝဥဿုံစောင့်ကြည့်နေသော စက် ကြီးများကို တွေ့ရသလို အဆိုပါစက်ကို တီထွင်သူများထက်စက်ကကျော်လွန်သွားပြီးလူကိုပြန်လည်ချုပ်ကိုင်သည့် ဇာတ်
လမ်းမျိုးကြည့်ရဖူးပါသည်။ သိပ္ပံလွန်ကားဟုယူဆထားသဖြင့် အနာဂတ်တွင် မဖြစ်နိုင်သောအရာများကို စိတ်ကူးယဉ်ရိုက်ကူးထား
သဖြင့် ကြည့်၍အလွန်ကောင်းသော်လည်း ဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ခဲ့သည်။ သို့သော်ထိုယူဆချက်များအပေါ် သံသယဖြစ်စရာများတွေ့လာရသည်။ ယင်းမှာမိုဘိုင်းဆက်သွယ်မှုများပင်ဖြစ်သည်။

မိုဘိုင်းဖုန်းနံပါတ်ကိုသိလျှင် ထိုဖုန်းကိုင်ဆောင်ထားသူ ကမ္ဘာ့မည်သည့်အရပ်ဒေသ ရောက်နေသည်ကို ရှာဖွေနိုင်
သည့် နည်းပညာရှိလာသည်။ ထိုမိုဘိုင်းဖုန်းမှ မည်သည့်ဖုန်းကို အကြိမ်မည်မျှခေါ်ဆိုသည်၊ မည်မျှကြာအောင် ပြောဆိုသည် စသည့်
အချက်အတိအကျကလည်း ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတွင်ရှိနေသည်။ ထိုမှတစ်ဆင့် ဖုန်းစကားပြောသည့် အသံများ
ကို ဖမ်းယူနားထောင်နိုင်လာသဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များမရှိတော့ဟုပင် ဆိုရတော့မည်ဖြစ်သည်။

သာမန်အားဖြင့် ဖုန်းကုမ္ပဏီများက ၎င်းတို့ဝန်ဆောင်မှုကို အသုံးပြုသူများ၏ ခေါ်ဆိုမှုများကို လျှို့ဝှက်ထားရမည်ဖြစ်သော်လည်း အစိုးရအာဏာကြီးတစ်ရပ်က တောင်းဆိုလာလျှင်ပေးအပ်ရပေသည်။ နိုင်ငံအချို့တွင် အစိုးရက ဆက်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသဖြင့် ကုမ္ပဏီများကို တောင်းရန်မလိုပါ။ ၎င်းဘာသာပင် ဆက်သွယ်ရေးများကို စောင့်ကြည့်ရယူနိုင်ကြသည်။ အချို့နိုင်ငံများတွင် ပုဂ္ဂလိကကု မ္ပဏီများကသာ ၀န်ဆောင်မှုပေးသဖြင့် အစိုးရက တောင်းဆိုကြသည်လည်းရှိသည်။

ထို့ကြောင့် အင်တာနက် အသုံးပြုသော မိုဘိုင်းဖုန်းကို ပြည်သူများ ဆိတ်ကွယ်ရာမရှိတော့ဟုပင် ပြောနိုင်သည်။ မိမိ၏ လွတ် လပ်ခွင့်များထိပါးခံလာရသည်။ ဤသည်ကားခေတ်မီနည်းပညာသုံး မိုဘိုင်းဖုန်း၏ ထိုးနှက်ရိုက်ခတ်မှုတစ်ခုပင် ဖြစ်သည်။

လတ်တလော ဥပမာတစ်ခု ကို ကြည့်လျှင်အမေရိကန်နိုင်ငံက ဗယ်ရိုင်ဇုန်ဖုန်းကုမ္ပဏီဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း အကြမ်း ဖက်မှုများဖြစ်လာပြီးနောက်ပိုင်း အမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေးရုံး အက်ဖ်ဘီအိုင်က လူများ၏ ဆက်သွယ်မှုကိုစောင့်ကြည်နိုင်ရန် မိုဘိုင်းဖုန်းများကိုထိုးဖောက်လာသည်။ အမေရိကန်၏ အကြီး ဆုံးဖုန်းကုမ္ပဏီဖြစ်သည့် ဗယ်ရိုင်ဇုန်သုံးသူထဲမှ မသင်္ကာသူများကို တရားရုံးအမိန့်ဖြင့် ၎င်းတို့၏ ဆက်သွယ်မှုကို နေ့စဉ်စောင့်ကြည့်နားထောင်လာခဲ့သည်။ ယခုနှစ် ဧပြီမှ ဇူလိုင်လအထိ တရားရုံးကခွင့် ပြုခဲ့ပြီးသန်းနှင့်ချီသောအမေရိကန်ပြည်သူများအကြားဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ဖမ်းယူခဲ့သည်ဟုဆိုသည်။ နိုင်ငံလုံခြုံရေးအတွက် လိုအပ်ချက်ဖြစ်သော်လည်း မသက်ဆိုင်သူများကြားမှ ကိုယ်ရေးကိုယ်တာများဖောက်ထွင်းခံရသည်ဟု လူမှုလွတ်လပ်ခွင့်အရေးတောင်းဆိုသူများကပြောဆိုကြသည်။ မိုဘိုင်းဖုန်း၏ လုံခြုံမှုနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေမှုများ လည်းထွက်ပေါ်လာသည်။ နောက်ဆုံးအဖြေမှာ မိုဘိုင်း၊ အင်တာနက်စသည့်အရာအားလုံးအတွက် လုံခြုံရေးကိုမည်သူမှ အ ပြည့်အ၀ အာမမခံနိုင်ဆိုသော အဖြေသာဖြစ်သည်။ နည်းပညာတိုးတက်မှုကိုလူတို့၏ လွတ်လပ်ခွင့်နှင့်အလဲအလှယ်ပြုနေရသည်ဟုပင် ဆိုရပေတော့မည်။
7Day News Journal