ရန်ကုန်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းတွင် အဓိကပါဝင်သော မင်းဓမ္မလမ်း ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ ရေးဆွဲပြီးဖြစ်

ပို့စ်တင်ချိန် - 9/05/2013 03:30:00 PM


ရန်ကုန်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းတွင် အဓိကပါဝင်သော မင်းဓမ္မလမ်း ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ ရေးဆွဲပြီးဖြစ်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ လမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းပုံစံ (Plan) အား ရေးဆွဲပြီးဖြစ်ကြောင်း ယင်းစီမံ ကိန်းရေးဆွဲသူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ(YCDC)၊ အကြံပေး၊ မြို့ပြ စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က မဇ္ဈိမသို့ ပြောသည်။

ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ နည်းပညာရပ်ဆိုင်ရာအကူအညီပေးခြင်းများ ရပ် ဆိုင်းလိုက်သော်လည်း လက်ရှိအချိန်တွင် အဆိုပါစီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(YCDC)က ရပ်ဆိုင်း ထားခြင်းမရှိဘဲ ဆက်လက်အကောင်အထည် ဖောေ် ဆာင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ဒေါက်တာကျော်လတ်က ''မင်းဓမ္မလမ်း ဒုတိယစီးပွားရေးဇုန်ကို ဆက်လုပ်နေတယ်။ ပုံ လည်း ဆွဲပြီးသွားပါပြီ။ ဂျပန်က မကူညီဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။

ဂျပန်နိုင်ငံမှ မူလက အကူအညီပေးမည် ဆိုသည်မှာ ရေပေးရေးစီမံကိန်း၊ လမ်းဖောက် လုပ်ခြင်းဆိုင်ရာနည်းပညာရပ်များ ကူညီပေး မည်ဟု ဆိုထားခြင်းသာဖြစ်ပြီး လက်ရှိတွင်မူ မကူညီတော့ဟု ဆိုခြင်းသာဖြစ်ကြောင်း ဒေါက် တာကျော်လတ်က ဆက်လက်ပြောသည်။

စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ(့ဃီဃ)ပိုင်မြေများနှင့် အခြားဝန်ကြီးဌာနပိုင် မြေဧရိယာများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ပြီး အခြားဝန်ကြီးဌာနပိုင် မြေဧရိယာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC) ပိုင် မြေ ဧက ၅ဝ-၆ဝ ဝန်း ကျင်ရှိပြီး အခြားဝန်ကြီးဌာနပိုင် မြေဧက ၂ဝဝ ဝန်းကျင်ခန့်ရှိသည်။ အဆိုပါဒုတိယစီးပွားရေး ဇုန်စီမံကိန်းတွင် ဟိုတယ်များ၊ ရှော့ပင်းမော များနှင့် အိမ်ရာများ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအတွက် ပါဝင်လျက်ရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ ငှားရမ်း ထားသည့ှ်ိ မင်းဓမ္မ လမ်းရှိ ပန်းဆိုင်များအား သာကေတမြို့နယ်ရှိ ယမုံနာ လမ်းသို့ ပြောင်းရွှေ့ရန် ၂ဝ၁၂ ခုနှစ်အတွင်း တွင် ညွှန်ကြားထားသော်လည်း အချို့ပန်းဆိုင် များမှာ လက်ရှိအချိန်အထိ ပြောင်းရွှေ့ရခြင်း မရှိသေးကြောင်း ပန်းဆိုင်များမှ သိရှိရသည်။

မင်းဓမ္မ ဒုတိယဗဟိုစီးပွားရေးဇုန်သည် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့် ၂ဝ၁၈ မဟာရန်ကုန်ဖွံ့ဖြိုးတိုးတက် ရန် ဦးစားပေးအစီအစဉ်များအနက် မြို့ပြဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍတွင် အဓိကပါဝင်သော စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(YCDC)မှ အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

Mizzima