တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းလေ့လာ သည့်အရပ်ဖက်အဖွဲ့အစည်းအားဒေသခံအုပ်ချုပ်ရေးမှူးခေါ်ယူတားမြစ်

ပို့စ်တင်ချိန် - 9/24/2013 08:00:00 PM


ငဖဲ ၊စက်တင်ဘာ၂၄

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်
သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘ၀ထိခိုက်ပျက်စီးမှုများ လေ့လာနေသည့် ပဒေ
သာမိုးအရပ်ဖက်အဖွဲ့အစည်းကို လက်ရှိလုပ်ကိုင်နေသည် လုပ်ငန်းများအားရပ်တန့်ရန် စက်တင်ဘာ(၂၁)ရက်နေ့တွင်
ငဖဲမြို့နယ်အုပ်ချုပ် ရေးမှူးကတားမြစ်ခဲ့သည်ဟု၎င်းအဖွဲ့ဝင်များကဆိုသည်။
ရှမ်းပြည်နယ်သီပေါမြို့နယ်အတွင်းနှင့်မကွေးတိုင်းငဖဲမြို့နယ်အတွင်းဒေသခံ
တောင်သူများပိုက်လိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသော လူမှုဘ၀အခြေအနေများနှင့်ပတ်ဝန်းကျင်
အခြေအနေများအားစာတမ်းတစ်စောင်ထုတ်၍လွှတ်တော်အထိတင်နိုင်ရန်ပဒေသာမိုးလူမှုအဖွဲ့အ
စည်းမှစီစဉ်ခဲ့ခြင်းဖြစ်သည်။
ငဖဲမြို့နယ်အတွင်းကျေးရွာ(၇)ရွာခန့်မှတောင် သူများနှင့် တွေ့ဆုံလေ့လာ
အပြီးဂုတ်ကြီးကျေးရွာသို့အရောက်တွင် “သာမိုးအရပ်ဖက်အဖွဲ့အစည်းအား
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ခရိုင်အစိုးရအဖွဲ့များ၏ ခွင့်ပြုမှုနှင့်သာဆောင်ရွက်ရန်နှင့်
ဧည့်သည်မှအိမ်ရှင်ကိုခွင့်တောင်းရန်လိုအပ်ကြောင်း၊ခွင့်ပြု
ချက်မရရှိပဲတွေ့ဆုံမေးမြန်းမှုများရပ်တန့်ပါ”ဟုတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
“အုပ်ချုပ်ရေးမှူးကပြောတဲ့အတိုင်းသက်ဆိုင်ရာ၊တိုင်းခရိုင်အစိုးရအဖွဲ့တွေ နဲ့
တွေ့ဆုံဖို့ကြိုးစားခဲ့တယ်။တွေ့ခွင့်မရသေးပါဘူး၊စီစဉ်ထားတဲ့အတိုင်းတစ်နည်းနည်းနဲ့ဖြစ်အောင်
ဆက်လုပ်သွားမှာပါ”ဟုပဒေသာမိုးအဖွဲ့မှဦးသန့်ဇင်ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးစက်တင်ဘာ(၂၄)ရက်နေ့
ကဦးနိုင်ဝင်းဇော်ထံဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ“လေ့လာမှုတွေလုပ်တဲ့သူတို့အဖွဲ့ကိုခေါ်ပြောခဲ့တာ
ဟုတ်ပါတယ်အထက်ကလည်းဒီအတိုင်ပဲမှာထားလို့ပြောခဲ့တာပါ”ဟုဖြေကြားခဲ့သည်။ ငဖဲမြို့နယ်အတွင်းတရုတ်မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်း
ခဲ့ရာလမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများတွင် လျော်ကြေးငွေမရရှိသေးခြင်းများသဘာဝစမ်း
ချောင်းများပျက်စီးနေမှု များနှင့်ပိုက်လိုင်းတည်ဆောက်စဉ်ကသတ်မှတ်ဧရိယာထက်ပိုမိုပျက်စီးခြင်း
များကြုံတွေ့နေရကြောင်းဒေသခံများထံမှသိရသည်။ဦးမင်း
Popular Myanmar News Journal