မလေးရှားမှာ မြန်မာတွေ အဖမ်းဆီခံနေရတဲ့နောက်ကွယ်က အကြောင်းမှန်

ပို့စ်တင်ချိန် - 9/10/2013 09:00:00 AM


မလေးရှားအဖမ်းအဆီးများနှင့် မြန်မာသံရုံး အသိုင်းအဝိုင်းရဲ့ နဲ့ အစိုးရ အရာရှိအချို့ ရဲ့ ပြည်သူများကို ဂုဏ်သွေးစုပ်မယ့် စီမံကိန်း

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက် မလေးရှား အစိုးရမှ 2011 မှာ 6P ဆိုတဲ့အစီအစဉ်နှင့် ပါမစ်ဖွင့်ပေးခဲ့တယ်။ ဒါဟာအနှစ် ၂၀ မှာတခါလောက်ရတဲ့ အခွင့်အရေးဖြစ်တယ်။

မလေးရှားအစိုးရက မြန်မာနိုင်ငံသားတွေအပေါ်မှာ သဘောထားကြီးခဲ့ပေမဲ့ ဦးတင်လတ် သံအမတ်ကြီး နှင့်သံအမတ်ကတော် အန်တီထွေး တို့ကတော့မလေးရှားရောက် မြန်မာတွေအပေါ် နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုပြီး ဂွင်ဖန်ဖို့ဘဲ စဉ်းစားခဲ့တာပါ။

မြန်မာသံအမတ်ကတော်ရဲ့ ကုလားဖန်ထိုးမှုကြောင့် မြန်မာနိုင်ငံသားတရားမ၀င်အလုပ်သမားများရဲ့ passport ရရှိမှုဟာ ၈ လခန့်ထိကြာခဲ့ပြီး မြန်မာနိုင်ငံသား ၂ သောင်းခန့် အဲဒီ delay ကြောင့် ပါမစ်လျှောက်ဖို့နောက်ကျ၍ တရားမ၀င်လုပ်သားဘ၀ရောက်ခဲ့ရတာ မလေးရှားရောက်မြန်မာအားလုံး အသိပါဘဲ။ဒီလိုလုပ်ကိုင်စဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနနှင့် အလုပ်သမားဝန်ကြီး၏ ဋ္ဌာနမှ သဘောထားကြီးစွာဖြင့် လုပ်ငန်းဆောင်တာတိုးတက်မြန်ဆန်စေရန် ယခင် ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ တူဖြစ်သူ ဗိုလ်မှူးသိန်းသန်း(ငြိမ်း) ကိုတရားမ၀င် စေလွှတ်ခဲ့ပါတယ်။ ဗိုလ်မှူးသိန်းသန်းနှင့် သံအမတ်ကတော် ဝေစုမတဲ့သဖြင့် ဗိုလ်မှူးသိန်းသန်းမှ ၀န်ကြီး၏ ဋ္ဌာနနှစ်ခုကို တိုင်တန်းခဲ့တဲ့အတွက် သံအမတ်ကတော် အန်တီထွေး သံရုးံသို့ မလာရဆိုတဲ့ ဒုနိုင်ငံခြားရေး ၀န်ကြီးထံမှ ညွှန်ကြားလွှာ မြန်မာသံရုံး (မလေးရှား)သို့ ရောက်ခဲ့ရပြီး သံအမတ်ကတော်အတွက် အရှက်ရစေခဲ့ပါတယ်။အခြေအနေမှန်ကိုနားလည်ခဲ့တဲ့ သံအမတ်ကတော်ဟာ ဗိုလ်မှူးသိန်းသန်း(ငြိမ်း)နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြန်လုပ်ခါမြန်မာအလုပ်သမားများ အတွက်နိုင်ငံကူးလက်မှတ် passport ထုတ်ပေးရေးမှာ အတူတကွခေါင်းပုံဖြတ်ကြန့်ကြာမှုကို ဖြစ်စေခဲ့တယ်။

ဗိုလ်မှူးသိန်းသန်း(Ever Fine Sdn Bhd)ရဲ့ အရေးပါ မှုကို နားလည်ခဲ့တဲ့သံအမတ်နှင့် သံအမတ်ကတော်ဟာ ဗိုလ်မှူးသိန်းသန်းရဲ့ ကုမ္ပဏီ ဖွင့်ပွဲ (Masjid Jamekအနီး) မြန်မာသံရုံး မှဦးစီး လုပ်ဆောင် ပေးခဲ့တယ်။အဲဒီဖွင့်ပွဲမှာ နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးများတက်ရောက်ဖွင့်လှစ်ခဲ့ပြီး မြန်မာသံရုးံမှာ တရားမ၀င်ခက်ခဲသော ကိစ္စများကို Ever fine ကုမ္ပဏီမှာတရားဝင် လာဘ်ပေးလာဘ်ယူ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Ever fine ကုမ္ပဏီ ရဲ့ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တစ်ဦးရဲ့ ရင်နာနာနဲ့ ဖွင့်ပြောတာကတော့ * အဲဒီဖွင့်ပွဲနေ့က computer အားလုံး ရဲ့ screen saver မှာ မြန်မာသံရုးံမှ ကြိုဆိုပါ၏ လို့ရေးထားတာပါဘဲ။

ယခုလည်းနောက်ထပ်ယုတ်မာမှုတခုကို သူတို့အားလုံးပူပေါင်းဆောင်ရွက်ကြပြန်ပါပြီ။ပြီးခဲ့တဲ့ ၂လက ဒုဝန်ကြီးဦးဇင်ယော် ဆီလယန်းမှာအသတ်ခံရတဲ့မြန်မာ ၅ယောက်အတွက် မလေးရှားလာခဲ့ပါတယ်။ယခုမြန်မာနိုင်ငံသား၂သိန်းခန့် တရားဝင်ပါမစ်မရှိတဲ့ ကိစ္စဆွေးနွေး ရင်းမလေးရှားဝန်ကြီးမှ မြန်မာဝန်ကြီးကို မြန်မာများအားလုံး ပါမစ်လုပ်ရန် တောင်းဆိုပါတယ်။ဒုဝန်ကြီးမှမည်သို့ တုံ့ပြန်ရမည်မသိ၍ သံအမတ်ကြီး ဦးတင်လတ် သို့ မေးမြန်းရာ အကြီးအကျယ် operaci 3လခန့်ဖမ်း၊ဖမ်းမိတဲ့သူ ပြန်ပို့၊ကျန်တဲ့ လူတွေကြောက်ပြီး ပါမစ်လုပ်မယ်လို့ တင်ပြခဲ့တဲ့အတွက် မလေးရှားအစိုးရက ၀မ်းသာအဲလဲ ယခု အဖမ်းအဆီးတွေစတာဘဲဖြစ်ပါတယ်။ ဒီနေရာမှာ သံအမတ်ကြီးရိုက်လိုက်တဲ့ ဂွင်ကတော့ အဖမ်းအဆီးတွေစရင် ကြောက်ပြီးပြန်မဲ့လူတွေများလာရင် CI အမြန်ထုတ်ချင်တဲ့ သံအမတ်ကြီး ကတော်ရဲ့ Agent တွေကနေ ၀င်ငွေ တွေပြန်ရလာမယ်။အဖမ်းအဆီးပြီးရင် ပါမစ်လုပ်ဖို့ ပြန်ဖွင့်ပေးခဲ့ရင် passport လျှောက်သူအားလုံးကို ခေါင်းပုံဖြတ် ၀င်ငွေတွေထပ်ရမယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ သံအမတ်ကြီးကတော်ရဲ့ အမျိုးတွေ မလေးရှားမှာ ဖွင့်ထားတဲ့ ကုမ္ပဏီ ကို ပါမစ်လုပ်ရန်အတွက် Authorized Agent ရဖို့အထိ ခြေလှမ်းကျဲခဲ့ပါတယ်။

တရားမ၀င်အလုပ်သမားတွေဟာ ပါမစ်လုပ်ဖို့လိုအပ်တဲ့ passport ကို သံရုးံမှာ လျှောက်ရင် သူတို့ဝင်ငွေရမယ်။

ပါမစ်လျှောက်ရင်လဲသူတို့ရဲ့ ကုမ္ပဏီကိုဘဲ သွားရမှာဖြစ်တဲ့အတွက် တချက်ခုတ် နှစ်ချက်ပြတ်၊နောက်ဆုံးပိတ် အိတ်နှင့်လွယ် လို့ဆိုရမှာပါဘဲ။

ဒါကြောင့် ဒုဝန်ကြီး ဦးဇင်ယော်မလေးရှားမှပြန်ပြီး မြန်မာပြည်ရောက်တော့ အင်တာဗျူး တခု Thithtoolwin Website မှာရေးထားတာက တရားမ၀င်မြန်မာအလုပ်သမားတွေ ပါမစ်ရဖို့ ဆွေးနွေးခဲ့တာ အောင်မြင်တယ်လို့ ရေးထားတာတွေ့ရပြီး ဒါကိုဖတ်ခဲ့တဲ့ မလေးရှားရောက်မြန်မာအများစု ပျော်ရွှင်ခဲ့ကြပါတယ်။

အသေးစိတ် program ကိုသိနေတဲ့ ကျွန်တော်က ကိုယ့်မြန်မာနိုင်ငံသားတွေအတွက် မပျော်နိုင်တော့ပါဘူး။

ဒုဝန်ကြီး ဦးဇင်ယော်လည်း သံအမတ်ကြီးနှင့် သံအမတ်ကတော် ထောင်ချောက်ထဲ ရောက်သွားတာ မသိလိုက်ပါဘူး။မလေးရှားရောက် မြန်မာအားလုံး မလေးရဲ၊ မလေးGangstar ၊လူလိမ် Agent နှင့် မြန်မာသံရုံး၏် ဒုက္ခအပေါင်း မှ အမြန်ဆုံးကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်းးးးးးးးးးးးးးးးးးး

ကိုအောင်
MM News Hub