ပို့စ်တင်ချိန် - 9/04/2013 12:51:00 PM


အများသုံးရေကူးကန်၊ မြစ်၊ ပင်လယ်စတဲ့ ရေထဲမှာ ရေးကူးတာဟာ ခန္ဓာကိုယ်ကို ဘက်တီးရီးယားပိုး၊ အညစ်အကြေး၊ အမှိုက်သရိုက်တွေနဲ့ တိရစ္ဆာန် ကပ်ပါးပိုးတွေနဲ့ ထိတွေ့နိုင်ခြေများစေပါတယ်။ တချို့ သူတွေ အတွက် ဒီလိုထိတွေ့မှုကြောင့် ဘယ်လိုနောက်ဆက်တွဲ ပြဿနာမျိုးမှ မရစေနိုင်ပေမယ့် တချို့ ရေကူးသူတွေအတွက်တော့ ယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ အဖုပေါက်ခြင်းစတဲ့ ဓာတ်မတည့်မှု တွေကို ဖြစ်စေနိုင်ပါတယ်။

၁။ ရေချိုးခြင်း

ရေးကူးပြီးချိန်မှာ သန့်စင်တဲ့ ရေနဲ့ ချိုးပေးတာဟာ ယားယံခြင်းနဲ့ ရောင်ရမ်းနီမြန်းခြင်းကို သက်သာစေပါ တယ်။ ရေပန်းအောက်မှာထိုင်ပြီး ရေချိုးပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ချိုးရေထဲမှာ ဆားခါး(Epson Salt) ထည့်ပြီး ချိုးပေးရင် ယားယံတာနဲ့ အရေပြားနီမြန်းတာတွေကို သက်သာစေနိုင် ပါတယ်။ အိပ်ရာမဝင်ခင် ရေချိုးတာဟာ ညဘက်မှာ ယားယံခြင်းမဖြစ်အောင် ကာကွယ်တဲ့အတွက် ကောင်း ကောင်း အိပ်မောကျစေပါတယ်။

၂။ ဟစ်စတာမင်းတားဆေးဝါး

ရေကူးပြီး ယားယံတာဟာ ရေထဲက ပိုးမွှားတွေနဲ့ ထိတွေ့မိတာကို တုံ့ပြန်တာ ဖြစ်ပါတယ်။ ယားယံတာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးနည်းက မိမိဘာသာဝယ်လို့ရတဲ့ Antihistamine ဆေးဝါးမှီဝဲ တာပဲ ဖြစ်ပါတယ်။ ဆေးဝါးကို ဆေးဝါးကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အရ သောက်ပါ။ ဓာတ်မတည့်တဲ့ အရေပြားပြဿနာတွေဟာ ရက်အနည်းငယ်အတွင်း သိသိသာသာ ပျောက်ကင်းသွားမှာပါ။

၃။ အယားပျောက်ဆေးခရင်မ်

ဆားရေချိုးတာ၊ ဆေးသောက်တာနဲ့ တွဲပြီး အယားပျောက်ဆေးခရင်မ် (Anti-itch Cream) လိမ်းပေးနိုင် ပါတယ်။ Calamine လိုရှင်းဟာ ရေကူးပြီး ယားယံနေတဲ့ အရေပြားကို အယားပျောက်ကာ အေးမြသွား စေမှာပါ။

၎။ မကုတ်ပါနှင့်

ရေကူးပြီး အရေပြားယားတာကို မကုတ်မိဖို့က သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ စိတ်ကို ထိန်းချုပ်ပြီး မကုတ်မိ အောင်နေပါ။ ကုတ်တာဟာ အရေပြားကို စုတ်ပြဲသွားစေပြီး အရေပြားပိုးဝင်တဲ့ ပြဿနာကို ဖြစ်ပေါ် စေပါတယ်။ မကုတ်မိအောင် လက်သည်းတွေကို ခပ်တိုတိုညှပ်ပေးပါ။ လိုအပ်ရင် လက်အိတ် ဝတ်ပြီး မကုတ်မိအောင် ကာကွယ်ထားနိုင်ပါတယ်။

Ref: Good Health