မလေးရှားရောက် မြန်မာများအတွက် မြန်မာအစိုးရ တာဝန်ယူမည်

ပို့စ်တင်ချိန် - 9/13/2013 12:12:00 PM



ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် မလေးရှားတွင် ရောက်ရှိနေအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင်မြင့်က မလေးရှားနိုင်ငံတွင်လာရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လုံခြုံစိတ်ချမှုကိုတာဝန်ယူမည်ဖြစ်ကြောင် ကွာလာလမ်ပူတွင် လူမှုအဖွဲအစည်းများ နှင့်တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည် ။

ယနေ့ ပြုလုပ်နေသာ ops 6p တွင် အဖမ်းခံရသော နိုင်ငံသားပေါင်းစုံ ယနေ့အထိ ၈၀၀၀ ကျော်ရှိနေပြီး ထိုထဲတွင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁၀၀ ကျော် ရှိကြောင်း မလေးအစိုးရမှ ထုတ်ပြန်ကြော်ငြာထားသည် ။

အဆိုပါ အဖမ်းဆီးခံနိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီးဖြစ်ကြောင်းသိရသည် ။

ယနေ့အထိ OPS 6P စီမံချက်အားမလေးရှားအစိုးရမှ ဆက်တိုက် ဆောင်ရွက် ဖမ်းဆီးနေဆဲဖြစ်ပြီး မလေးရှားနိုင်ငံ နေရာတော်တော်များများတွင် ဖမ်းဆီးမှုများ နေ့ရက်မပြတ် ပြုလုပ်နေသည်ကို သိရသည် ။

အဆိုပါအဖမ်းခံမြန်မာနိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးသည်နှင့် မြန်မာနိုင်ငံသို့အရောက် ပြန်ပို့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားသွားသည် ။

ထို့အပြင် မြန်မာနိုင်ငံသားများအပေါ် လစာ ၊ အလုပ်ခွင်လုံခြုံမှု ၊ အလုပ်သမားအကျိုးခံစားခွင့်များအတွက် တာဝန်ယူ စီစစ် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်သွားမည့်အကြောင်းသိရသည် ။

ထို့အပြင် မြန်မာနိုင်ငံသားများ မလေးရှားသို့နောက်ထပ်လာရောက်မှုအတွက် အလုပ်အကိုင် ၊ ခံစားခွင့် နှင့် အလုပ်ခွင်လုံခြုံမှုများ ရှိမှသာ စေလွတ်သွားမည်ဖြစ်ကြောင်း ၊ မြန်မာအမျိုးသမီးများ မလေးရှားသို့ စေလွတ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှသာ စေလွတ်တော့မည်ဖြစ်ကြောင်း ကိုပါ ဆက်လက်ပြောကြားသွားခဲ့သည် ။

ယနေ့ မြန်မာနိုင်ငံသားများကြားတွင် ကြားနေရသော 6P ပြန်လည် စီစဉ်မည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မလေးရှားရောက် မြန်မာများမှ မလေးရှား အာဏာပိုင် အဖွဲ့အစည်းများ သို့စုံစမ်းရာတွင် အဖမ်းခံရသော သူများထဲမှ ပါမစ်ထုတ်ပေးရန် ရှိသော သူများ ၊ 6P တွင်ငွေပေးပြီး ပါမစ်ထွက်မလာသေးသောသူများကိုသာ ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။

လက်ရှိရှိနေသေးသော သူများကိုမူ ပါမစ်ထုတ်ပေးမည့်အစီအစဉ်မရှိသေးကြောင်း ၊ ထပ်မံပြီးတရားမဝင်နေထိုင်သူများ အား အခြားအစီအစဉ်များရှိပါက မလေးရှားအစိုးရမှ တရားဝင်ကြော်ငြာမှသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည် ။

သို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပါမစ်ဆောင်ရွက်ရန် ရှိပါက သေချာလေ့လာပြီးမှသာ ဆောင်ရွက်ရန်အထူးအရေးကြီးသည် ။

ယနေ့ OPS 6P နှင့် OPS CANTAS ခေါ် မလေးရှားရှိ တရားမဝင် လူမိုက်အဖွဲ့ဝင်များ ဖမ်းဆီးမှု ၂ ခုကို ၂၀၁၃ ကုန်သည်အထိ ဆက်တိုက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ တရားမဝင် အလုပ်သမား ၅၀၀၀ ကျော် ၊ ဂိုဏ် အဖွဲ့ဝင် ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး ယာယီ DETENTION CENTER များ ပြည့်နေသောကြောင့် နောက်ထပ် ယာယီ ထိမ်းသိမ်းရေး စခန်း ၁၀ ခုဆောက်ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြော်ငြာသွားခဲ့ပြီးဖြစ်သည် ။

အဖမ်းအဆီး မရပ်သလို ၊ ပါမစ်ထုတ်ပေးမည့်အစီအစဉ်လည်း မရှိပါ ။ ယခု စီမံချက်ပြီးမှသာ အခြားသော လုပ်ငန်းစဉ်များ နှင့်ဆောင်ရွက်ရန်ရှိသည်များကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။

မလေးရှားအစိုးရ အား မြန်မာအစိုးရမှ တရားမဝင်နေထိုင်သူများအား ပါမစ်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည် ။ သို့သော် မည်သည့်နေ့ ၊ မည်သည့်အစီအစဉ် ဆိုသည်ကိုမူ အတိအကျ မသိရသေးပါ ။

မလေးရှားရောက် မြန်မာများ ယနေ့အဖမ်းအဆီး များကြားတွင် နေထိုင်လုပ်ကိုင်နေရသည်ကို မြန်မာအစိုးရ အနေဖြင့်သိရှိကြောင်း နှင့် ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်မည်ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိရန် ဆက်လက်ရေးသားပေးရပါသည် ။

အခြား အဖမ်းအဆီး နှင့် ထူးခြားသတင်းများကို ဆက်လက်တင်ဆက်ပေးပါမည် ။

မလေးရှားရောက် မြန်မာများ