တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ရ

ပို့စ်တင်ချိန် - 9/24/2013 01:25:00 PM


ယခုလ ၁၉ ရက် နေ့လည်ပိုင်းက မန္တလေး - ကလေး လမ်းပိုင်း ပုံတောင် ပုံညာကြား ကြော့ကျေးရွာ အနီးတွင် ခရီးသည်တင် ပို့ဆောင်ရေး ယာဉ်တစ်စီး တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ အရှိန်လွန်ပြိး ချောက်ကမ်းပါး ထိပ်ပေါ်တွင် ချိတ်တင် နေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေး မှ ကလေးသို့ သွားသည့် ရွှေသဇင် ခရီးသည် ပို့ဆောင်ရေး ယာဉ်သည် ပုံတောင် ပုံညာကြား လမ်းပိုင်းတွင် ခရီးသည် ၂၆ ဦးကို တင်ဆောင်ပြီး တောက်တင်လမ်း အတိုင်း ကလေးမြို့ သို့ သွားစဉ် လမ်းပေါ်ရှိ ကြီးမားသည့် ချောက်ကြီး တစ်ခုကို ကွေ့ဝိုက်ရာမှ အရှိန်လွန်ပြီး လမ်းဘေး ၀ဲဘက်ရှိ ချောက်ကမ်းပါး တစ်ခုနှင့် ချိတ်တင် နေခဲ့ကြောင်း သိရသည်။
 အခုလောက် ပဲ ဖြစ်တာက ကျွန်တော်တို့ တော်တော်ကို ကံကောင်းလို့ပါ ၊ ဟိုဘက်ချောက် က အနက်ကြီးပဲ ၊ အောက်ကို မြင်တောင် မမြင်ရဘူး ၊ ကျသွား ခဲ့ရင်တောင် ကျွန်တော်တို့ ခရီးသည် တွေအတွက် မတွေးဝံ့ ပါဘူး ၊ ဒီလမ်းပိုင်းက ယာဉ်မောင်း တွေ အနေနဲ့ တော်တော့်ကို ဂရုစိုက် ရပါတယ် ၊ မိုးတွင်း ဆိုတော့ ချောက်တွေ ၊ ကျင်းတွေက ပိုများပြီး စလစ် ဖြစ်နိုင်တဲ့ နေရာတွေ ကလည်း ပေါပါတယ် .... " ၊ " ကျွန်မလည်း တော်တော် ကြောက်သွား တာပါ ၊ ဘုရားစာတွေ ဆိုလိုက်ရတာ မပြော ပါနဲ့တော့ ၊ ပြုတ်ကျ လိုက်လို့ ကတော့ မတွေးဝံ့ စရာပဲ ၊ ဘာပဲ ဖြစ်ဖြစ် ကားဆရာတွေ အနေနဲ့ မိုးတွင်း ဘက်မှာ လမ်းတွေက ချော်ပြီး တောင်တက် လမ်းတွေ ဖြစ်နေတော့ သတိကြီး စွာထားပြီး မောင်းစေချင် ပါတယ် .... "ဟု အဆိုပါ ကားဖြင့် လိုက်ပါ လာသည့် ခရီးသည် များက ပြောကြား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ချောက်ကမ်းပါး ပေါ် မေးချိတ်တင် နေသော မော်တော်ယာဉ် အား ပြန်လည် ဆွဲတင် နေမှုကြောင့် ခရီးသည် တင်ယာဉ်များ သည်လည်း တောင်တက်လမ်း ဖြစ် ကျဉ်းမြောင်း သဖြင့် ညနေ ၅ နာရီ ကျော်မှသာ အဆိုပါ လမ်းပိုင်းကို သွားလာ အသုံးပြု ခဲ့ရ၍ ခရီးသွား ပြည်သူများ ခရီး ကြန့်ကြာမှု ဖြစ်ပေါ် ခဲ့ရကြောင်း သိရှိရသည်။ (မောင်မျိုး - ဧရာဝတီ )