ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင် နေရာမှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ

ပို့စ်တင်ချိန် - 9/13/2013 11:28:00 AM


၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊
တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/----ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့သည်ကို ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၅၃၀အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သားလွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေးအား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း
(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်
ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်
တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်
ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police