အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 9/04/2013 08:44:00 AM

၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်ရှိ ဃမပျအေူ တွင် တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်မန်နေဂျာ ရဲဇော်ဦး(၁၉)နှစ်နှင့် ၀ါးခယ်မမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဧည့်ကြို မောင်စန်းထက် (၁၉)နှစ်တို့အားတွေ့ရှိရပြီး အမျိုးသား ၉ ဦးအား နှိပ်ပေးနေသူ တွံတေးမြို့၊ ပြတသိုက်ကျေးရွာနေ မသော်ဇင်(၁၉)နှစ်ပါ ၉ ဦး၊ နှိပ်ရန်စောင့်နေသူ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေမာလာရိပ်မွန်နေ အေးမြအောင်(ခ)ပန်းအိ(၁၉)နှစ်ပါ ၆ ဦးနှင့် ကောင်တာစားပွဲ အံဆွဲအတွင်းမှ အနှိပ်သမ အမည်နှင့်ဝင်/ထွက်ချိန်များရေးမှတ်ထားသော ဗလာစာအုပ်(၁)အုပ်၊ ဘော့ပင်(၁)ချောင်း၊ ဂဏန်း ပေါင်းစက်(၁)လုံး၊ ရရှိငွေ(၃၆၃၀၀ိ/-)၊ ဧည့်စာရင်းတိုင်ကြားထားသောစာရွက် ၃ ရွက်၊ ခေါင်းအုံး ၇ လုံး၊၊ မွေ့ယာ ၇ ခုတို့အားသိမ်းဆည်းရမိခဲ့သောကြောင့် ရဲဇော်ဦးပါ(၁၇)ဦးအား ကမာရွတ်မြို့မရဲစခန်း ပြစ်မှုပုဒ်မ ၁၈၈ အရ က/ခပုံစံဖြင့် မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် (၄၃၂/၁၃)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

myawady