ကြိုးပေးကွပ် မျက်ခြင်းကို ခံနိုင်ကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေပြော

ပို့စ်တင်ချိန် - 9/11/2013 08:48:00 AM

-ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရန်ကုန်တိုင်း၊ တိုင်းမှုးဖြစ်ခဲ့၍ တာဝန်အရဆောင်ရွက်သောကြောင့် ထိုစဉ်က ဆောင်ရွက်ချက်များသည် မှားယွင်းခဲ့သည်ဆိုပါက ကြိုးပေးကွပ် မျက်ခြင်းကို ခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချုပ်ဦးမြင့်ဆွေက စက်တင်ဘာ ၈ ရက်နေ့မှာ မြန်မာနိုင်ငံ ငါးအဖွဲ့ချုပ် သီရိအဏ္ဏ၀ါခန်းမတွင် ပြောခဲ့သည်။
"ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြ ရင် ကျွန်တော်ကတော့ READY ပဲ။ ယုတ်ဆွအဆုံး ကုန်ကုန်ပြောရင် ကြိုးပေးလည်း ကျွန်တော်ခံပါ့မယ်။" ဟူ၍ ထိုစဉ်ကတိုင်းမှုး ယခုဝန်ကြီးချုပ်ဦးမြင့်ဆွေကပြောသည်။
ရွှေဝါရောင်တော်လှန်ရေး ကာလတွင် ရန်ကုန်မြို့အတွင်း ဆန္ဒပြနေသည့် သံဃာတော်များအား သေနတ်ဖြင့် ပစ်ကာ စွမ်းအားရှင်များက ၀ါးရင်တုတ်ဖြင့် ရိုက်ခဲ့သောကြောင့် ဂျပန်နိုင်ငံသား သတင်း ထောက် တစ်ဦးသေဆုံးပြီး သံဃာတော်အများအပြား သွေးမြေကျကာ ဖမ်းဆီးခံခဲ့ရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။



____________________________________
Reference and Credit to -အင်တာနက်သတင်းစဉ်