လာဘ်စားတာသေချာရင် တိုင်ပါ ထိရောက်စွာ အရေးယူမည်

ပို့စ်တင်ချိန် - 9/04/2013 09:27:00 AM

 ဌာန ဆိုင်ရာများမှ ဝန်ထမ်းများအနေ ဖြင့် အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ကြောင်း သက်သေအထောက်အ ထား ခိုင်လုံစွာဖြင့် တင်ပြလာပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထိရောက် စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဝန်ကြီး ဦးဉာဏ် ထွန်းဦးက စက်တင်ဘာ ၁ရက် တွင် စထရင်းဟိုတယ်၌ ရန်ကုန် တိုင်းမ်သတင်းစာနှင့် သီးသန့်တွေ့ ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက် သည်။

ယင်းကဲ့သို့ တိုင်ကြားရာတွင်  တိုင်ကြားသူ၏ အမည်၊ နေရပ် လိပ်စာအပြင် တိုင်ကြားမည့်ဌာန ဆိုင်ရာ၊ ဝန်ထမ်းနာမည်တို့နှင့် တကွ လာဘ်ပေးလာဘ်ယူမှုများ နှင့် မသမာမှုများပြုလုပ်သည့်အ ကြောင်းအရာများကို သက်သေ အထောက် အထား ခိုင်လုံစွာဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရ သည်။ ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''ဘယ်ဌာနဆိုင်ရာက ဝန်ထမ်းကို မဆို တိုင်ကြားလို့ရတယ်။ ဒါပေ မဲ့ မှန်ကန်ဖို့တော့လိုတယ်။ အ ထောက်အထားခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရင် ဘယ်လိုဌာ နဆိုင် ရာက ဝန်ထမ်းကိုမဆို အရေးယူ မှာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လာရောက်တိုင် ကြားနိုင်ပါတယ်''ဟု ပြောသည်။

လွန်ခဲ့သည့်တစ်လခန့်အ တွင်းက ပြည်တွင်းအခွန်များဦး စီးဌာန ရန်ကုန်နှင့် မန္တလေးမြို့များ မှ အကြီးတန်းအရာရှိများနှင့် ဝန် ထမ်းစုစုပေါင်း ၁ရဦးခန့်ကို လာဘ် ပေးလာဘ်ယူမှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရမှ တာဝန် မှရပ်စဲခဲ့ ကြောင်း၊ ယင်းမှာလည်း အဆိုပါဌာန၏အောက်ခြေဝန် ထမ်းများမှ တိုင်ကြားခဲ့၍ဖြစ် ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းအောင်က ''ဒီလိုမျိုးဌာန ဆိုင်ရာက ဝန်ထမ်းတွေကို တိုင် ကြားလို့ရတယ်ဆိုတာ အရင်က တည်းကပါ။ ဒါပေမဲ့ ဒီခေတ်မှာ တော့ တိုင်ရင် အနည်းနဲ့အများ တော့ ထိရောက်မှုရှိတယ်လို့ ယူဆ လို့ရတယ်''ဟု ပြောသည်။

ကျော်မြတ်ဇံ
Yangon Times