အိန္ဒိယ မုဒိမ်းမှု ပြစ်ဒဏ် စီရင်

ပို့စ်တင်ချိန် - 9/01/2013 10:58:00 AM


အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ကျောင်းသူ တဦးကို ဝိုင်းပြီး အကြမ်းဖက် မုဒိမ်း ပြုကျင့် ခဲ့ကြသူတွေ ထဲက အဲဒီတုန်းက ၁၇ နှစ် အရွယ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက် တရားခံ တဦးကို လူငယ် ပြုပြင် ထိန်းသိန်းရေး စခန်းမှာ သုံးနှစ် ထားဖို့ ပြစ်ဒဏ် ချမှတ် လိုက်တဲ့ အပေါ် မကျေနပ် နိုင်ဘူး ဆိုပြီး ကျောင်းသူ ရဲ့ မိသားစုတွေက ပြောကြား လိုက်ပါ တယ်။

အိန္ဒိယ တည်ဆဲ ဥပေဒအရ ငယ်ရွယ်သူ တဦးကို အမြင့်ဆုံး အနေနဲ့ အခုလို သာ အပြစ် ပေးနိုင်တာ ဖြစ်ပါတယ်။

ကောင်မလေးရဲ့ အကို ဖြစ်သူက လည်း ဒါဟာ အရမ်းကို သက်ညှာ လွန်းတယ်လို့ ပြောပြီး မိသားစု အနေနဲ့ နောက်တဆင့် တရားရုံးမှာ အယူခံ ဝင်မယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး၊ တခြား အမျိုးသား ၄ ဦးကိုတော့ သီးခြားစီ ကြားနား စစ်ဆေး နေပြီး မကြာခင် သီတင်းပတ် တွေ အတွင်း စီရင်ချက် ချမှတ် မယ်လို့ မျှော်လင့်ရ ပါတယ်။

BBC burmese