မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပမည်

ပို့စ်တင်ချိန် - 9/24/2013 06:17:00 PM

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းသည် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။     UMFCCI ပထမထပ်၌ နေ့လည် ၂ နာရီမှ ၃ နာရီအထိ ပထမပိုင်းအစီအစဉ်အဖြစ် ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုလက်မှတ်ပေးအပ်ြခင်း၊ နှစ်ပတ်လည် အစီရင်ခံစာဖတ်ကြားခြင်းနှင့် အခြားသော အစီအစဉ်များကို ကျင်းပသွားမည်ဖြစ်သည်။ ဆက်လက်ကျင်းပမည့် ဒုတိယပိုင်းအစီအစဉ်ကိုမူ သတင်းသားများသာ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။     ဒုတိယပိုင်း အစီအစဉ်၌ “၂၀၁၅ နှင့် အနာဂတ်စီးပွားရေး” ခေါင်းစဉ်ကို စကားဝိုင်းနှစ်ရပ်ဖြင့် စိတ်ဝင်စားဖွယ် ပုံစံကျင်းပမည်ဟု အထက်ပါအသင်းက သတင်းထုတ်ပြန်သည်။ အသင်းမဝင်ရသေးသူများအနေဖြင့် ဒုတိယပိုင်းအစီအစဉ်ကို တက်ရောက်လိုပါက မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်စာမျက်နှာနှင့် ဖေ့စ်ဘုတ်စာမျက်နှာများသို့ ဆက်သွယ်နိုင်ကြောင်း ပြောဆိုထားသည်။  
 မြင့်ကျော်လှိုင်

myanmarinternetjournal