မင်္ဂလာပွဲကို ကြွရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကုတင်ပေါ်မှာ အိပ်ပျော်နေ

ပို့စ်တင်ချိန် - 9/24/2013 01:23:00 PM


သတို့သမီးဖြစ်သူ Alice Sheffield ၏ မိခင် Victoria Walker နှင့် David Cameron ၏ ဖခင်တို့ဟာ ၁၉၇၄ခုနှစ် (David Cameron ၏ မိခင်နှင့် ကွာရှင်းပြတ်စဲပြီနောက်ပိုင်း) တွင် လက်ထပ်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

 မီးရထားဖြင့် ခရီးထွက်လာခဲ့သော မစ္စတာ David Cameron ဟာ မင်္ဂလာဆောင်မည့်နေ့ မနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကာ အလုပ်များသူတို့၏ ထုံးစံအတိုင်း ရတဲ့အချိန်ကို အသုံးချအနားယူခဲ့ရာ ၎င်းအိပ်ပျော်နေပုံကို သတို့သမီးနှင့်အတူ စက်တင်ဘာ(၇)ရက်နေ့က အမှတ်တရ ရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဖဝါးတုံးလုံးဖြင့် ညာလက်နောက်ပစ်ကာ ခုတင်ပေါ်တွင် ဆန့်ဆန့်ကြီးအိပ်ပျော်နေခဲ့သော ဗြိတိန်ဝန်ကြီးချုပ် David Cameron အား ရှားရှားပါးပါး ပုံတွင် တွေ့မြင်နိုင်ကြသည်။

 ထိုပုံအား ယင်းဓါတ်ပုံ ရိုက်ယူခဲ့သူ Emily Sheffield က Instagram တွင် အမှုမဲ့ အမှတ်မဲ့ တင်ခဲ့သောကြောင့် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး ထိုပုံကို ပြန်ဖျက်ပစ်ခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
 ဝန်ကြီး၏ဘေးနားက သေတ္တာအနီမှာ ဝန်ကြီးချုပ်တာဝန်ဖြစ်သော အရေးတာဝန်များနှင့် ပတ်သက်သည့် အရေးကြီး စာရွက်စာတမ်းများ ထည့်ထားသော သေတ္တာဖြစ်ကြောင်းလည်း သိရသည်။


 လက်ထပ်မင်္ဂလာပွဲလာသော ခရီလမ်း ရထားပေါ်တွင် ထိုသေတ္တာအနီအား ဝန်ကြီးချုပ်က စောင့်ကြည့်သူမရှိဘဲ တခဏ ထားရှိခဲ့တယ်ဆိုပြီး ပြစ်တင်ပြောဆိုသူများလည်း ရှိခဲ့သည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)