လမ်းမတော်မြို့နယ်တွင် ၀ါယာရှော့ဖြစ်မီးလောင်

ပို့စ်တင်ချိန် - 9/16/2013 08:41:00 AM



၁၅.၉.၂၀၁၃ ရက်နေ့ ၁၉၅၈ အချိန်တွင် လမ်းမတော်မြို့နယ်၊
(၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနေ ဦးမျိုးသန့်(ဘ)ဦးရီတင်၏
နေအိမ်မြေညီထပ်နောက်ဖက်ရှိ အထည်အလိပ်ဂိုဒေါင်တွင်လျှပ်စစ်မီးကြိုး ဆက်ထားသည့်နေရာမှ ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အထည်အလိပ်ဖြတ်စများအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့၍ ၂၀၀၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲသူ ဦးမျိုးသန့်အားလမ်းမတော်မြို့မရဲစခန်း (ပ)၁၈၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police