လီဗာပူးနှင့်ကစားမည့် Capital One Cupပွဲကို ဗန်ပါစီလွဲချော်

ပို့စ်တင်ချိန် - 9/25/2013 08:28:00 PM


မန်ယူအသင်းနည်းပြ မိုယက်စ်က လီဗာပူးနှင့်ကစားမည့် Capital One Cupပွဲစဉ်တွင်ဗန်ပါစီပါဝင်ကစားနိုင်မည်မဟုတ်ဟုအတည်ပြုလိုက်သည်။
ဗန်ပါစီသည် ပေါင်ခြံဒဏ်ရာကို ပြီးခဲ့သည့်ရက်သတ္တပတ်က ရရှိခဲ့ခြင်းကြောင့်မန်စီးတီးနှင့်ဒါဘီပွဲကိုလွဲချော်ခဲ့ရပြီး ယခုတဖန် လီဗာပူးနှင့်ပွဲကိုထပ်မံလွဲချော်ရခြင်းဖြစ်သည်။
ဟော်လန်တိုက်စစ်မှူးအနေဖြင့်ယခုပွဲစဉ်ပွဲဝင်မကစားနိုင်သော်လည်း စနေနေ့တွင် ၀က်စ်ဘရွန်းနှင့်ပွဲစဉ်တွင်မူပါဝင်လာနိုင်ရန်အခွင့်အရေးရှိနေကြောင်းသိရသည်။
ထို့အပြင် ယခု Capital One Cup ပွဲစဉ်တွင် မိုယက်စ်အနေဖြင့် စီနီယာကစားသမားများကိုအနားပေးကာလူငယ်များကိုသုံးစွဲသွားဖွယ်ရှိကြောင်းပြောလိုက်သည်။
မိုယက်စ်က''ပြိုင်ပွဲတိုင်းအပေါ် ကျွန်တော်အာရုံအပြည့်စိုက်ထားပါတယ်။ အမြဲတမ်းနိုင်ပွဲရဖို့အာရုံစိုက်ထားတယ်။ ဒီပြိုင်ပွဲမှာ လူငယ်ကစားသမားတွေအခွင့်အရေးရနိုင်အောင် ကျွန်တော်တတ်နိုင်တဲ့
ဘက်ကပြုလုပ်ပေးသွားမယ်"ဟုပြောခဲ့သည်။
မန်ယူအသင်းသည် မန်စီးတီးအားရှုံးခဲ့သောပွဲစဉ်တွင် အဓိကတိုက်စစ်မှူးဗန်ပါစီမပါဝင်နိုင်ခဲ့သောကြောင့် ပြိုင်ဘက်အသင်းဂိုးပေါက်အားခြိမ်းခြောက်မှုမှာမရှိသလောက်နည်းပါးခဲ့ပြီးယခုပွဲစဉ်တွင်
အဓိက ကစားသမားများကိုအနားပေးကာလူငယ်များနှင့်ပွဲထွက်ခဲ့လျှင် လီဗာပူးအားအနိုင်ရရန်မှာ ရုန်းကန်ရဖွယ်ရှိနေသည်။
မင်းသန့်
Yangon Media Group