တစ်ရက်အတွင်း ကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ရောင်းရတဲ့ Grand Theft Auto V ဂိမ်း

ပို့စ်တင်ချိန် - 9/20/2013 09:13:00 AM




GTA ရဲ့  နောက်ဆုံးထွက်ရှိတဲ့ Open World Game - Grand Theft Auto V ဟာ တစ်ရက်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ သန်း၈၀၀ ဖိုး ရောင်းချခဲ့ရကြောင်း သိရပါတယ်။

သမိုင်တစ်လျှောက် အချိန်တိုအတွင်း အမြန်ဆုံး ရောင်းချရတဲ့ ဂိမ်းအဖြစ် စံချိန်တင်လာတော့မယ့် အနေအထား တစ်ခုမှာ ဖစ်ပါတယ်။ လက်ရှိ စံချိန်က ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလက ထုတ်လုပ်ရောင်းချတဲ့ Black Ops 2 (Call of Duty) ဂိမ်းဖြစ်ပြီး ၁၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဖို့ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က Call of Duty Modern Warfare 3 ကတော့ ၁၆ ရက်အတွင်း ၁ ဘီလျံကျော်ဖိုး ရောင်းချရတဲ့ စံချိန်ဟောင်း တစ်ခု ရှိခဲ့ဖူးပါတယ်။

ဒီတစ်ခါ GTA နံပါတ် ၅ မြောက်ဂိမ်းက စံချိန်ထပ်ချိုးမယ့် အနေအထား တစ်ခုမှာ ရှိပါတယ်။ ဂိမ်းဟာလည်း တီထွင်ဖန်တီးရ ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး ဂိမ်း အဖြစ် စံချိန်တင်တဲ့ အနေအထား တစ်ခုမှာ ဖြစ်ပါတယ်။ Take Two မှ အမေရိကန်ဒေါ်လာ ၂၆၅ သန်း အကုန်ကျခံပြီး ဖန်တီးထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ ဒီတော့ GTA 5 ကို Standard Version က ၅၉.၉၉ ဒေါ်လာ၊ Special Edition ကို ၇၉.၉၉ ဒေါ်လာ၊ Collector’s Edition ကို ၁၄၉.၉၉ ဒေါ်လာ တန်ဖိုးနဲ့ ရောင်းချပါတယ်။ Xbox 360 နဲ့ PlayStation 3 အတွက်သာ ရရှိနိုင်သေးကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)