ငါးမန်း ရေငုပ်သင်္ဘော Shark Submarine

ပို့စ်တင်ချိန် - 9/24/2013 01:02:00 PM




ရေအောက်မှာ တစ်နာရီ ၂၅ မိုင်၊ ရေပေါ်မှာ တစ်နာရီ မိုင် ၅၀ ပြေးနိုင်တဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

ငါးမန်း ပုံသဏ္ဍန်ဖန်တီးထားပါတယ်။ အတွင်းမှာ ထိန်းချုပ်ခန်းပါပြီး LCD မျက်နှာပြင်ကနေ အပြင်က ပုံရိပ်တွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ သင်္ဘောအပြင်မှာ ကင်မရာများ တပ်ဆင် ထားပေးမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ အသုံးပြုဖို့အတွက် သင့်တော်ပြီး သန္တာကျောက် တန်းလေ့လာရေး ခရီးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ အခြားသော ပင်လယ်ကမ်းခြေ အပျော်ခရီး တွေမှာလည်း အသုံးပြုနိုင်မယ့် ယင်း Shark Submarine ကို ကန်ဒေါ်လာ ၃ သိန်း ဝန်းကျင်နဲ့ အမေရိကန်မှာ ရောင်းချကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ Team)