Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ်ကြောင်းဦးဂျွန်လွင်ဆို

ပို့စ်တင်ချိန် - 9/26/2013 08:22:00 PM


“Miss Tourism Queen International တွင် တရားဝင် ယှဉ်ပြိုင်မည့်  မြန်မာနိုင်ငံကိုယ်စားပြု ခင်လပြည့် ဇော်အား မြန်မာပြည်တွင်နာမည်ဆိုးနှင့် ကျော်ကြားနေသည်ဟု ၄င်း၊ ယင်းစံချိန်မီ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့် မီပါဟု ၄င်း၊ မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ရာတွင် တရားမျှတာမှု မရှိသည့် အပြင် ရွေးချယ်ရန်တာဝန်ကျသည့်  အေဂျင်စီကိုလည်း တရားဝင်လိုင်စင်မရှိဟု၎င်း စင်ကာပူနိုင်ငံရှိ Miss Tourism Queen International ကျင်းပရေး ဒါရိုက်တာထံသို့  အသေရေဖျက်စွပ်စွဲ ပေးပို့ တိုင်ကြားထားသော ရေးသားချက်များကို အောက်ပါ ပိုစ့် တွင် ခင်လပြည့် ဇော်အား အားပေးနေကြသော ပရိသတ်ကြီးများကို ဖတ်ရှုစေလိုပါသည်။ရေးသားပေးပို့ သူဧ။် အမည်မှာ ဦးဝေရန်အောင် (National Director , Miss Supranational Myanmar,Miss Grand Myanmar) ဖြစ်ပြီး လိပ်မူထားသည့်  Email မှာ [email protected] ဖြစ်သည်။အောက်ပါရေးသားချက်များသည် Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ် ဖန်တီး ထားသည့် ရေးသားချက်များသာ ဖြစ်ကြောငိး အသိပေးလိုပါသည်[https://www.facebook.com/john.lwin.9/posts/10202381244120767]”ဟုဦးဂျွန်လွင်ကသတင်းပေးပို့ မျှဝေလာပါသည်။
Popular Journal