Amazon တွင် ဝန်ထမ်း ၁သိန်းကျော် ရှိ

ပို့စ်တင်ချိန် - 10/25/2013 02:26:00 PM




Amazon ရဲ့  ထုတ်ပြန်တဲ့ စာရင်းအရ ၎င်းတို့မှာ ဝန်ထမ်းအင်အား ၁၀၉၈၀၀ ရှိကြော်း သိရပါတယ်။ ၁ သိန်းနဲ့ ၉၈၀၀ ဆိုတော့ နည်းတဲ့ အင်အား မဟုတ် ပါဘူး။ အချိန်ပြည့်နဲ့ အချိန်ပိုင်း ဝန်ထမ်း စုစုပေါင်းအား ဖြစ်ပါတယ်။

ဒါတောင် နွေရာသီ အားလပ်ရပ်မှာ ခန့်အပ်မယ့် ဝန်ထမ်း ၇ သောင်းကို ထည့်သွင်း မထားသေးပါဘူး။ ဒီတော့ ပေါင်းလိုက်ရင် Amazon အွန်လိုင်း စတိုးရဲ့  ဝန်ထမ်းက အင်မတန်များပြားပါတယ်။ သို့ပေမယ့် ယင်း အရေအတွက်က အခြား ကုမ္မဏီကြီးတွေနဲ့ ယှဉ်ရင် နည်းပါးနေပါသေး တယ်။ ဘယ်လို ကုမ္မဏီတွေလဲဆိုတော့ -

Foxconn မှာဆိုရင် ၉၄၀ ၀၀၀ (၁သန်းနီးပါး)၊IBM – ၄၃၃ ၀၀၀ ၊ Samsung (၃၇၁ ၀၀၀)၊ HP (၃၃၁ ၈၀၀) Panasonic (၃၂၈ ၀၀၀), Fujitsu ( ၁၇၃ ၀၀၀), Dell (၁၀၆,၀၀၀) အသီးသီး ရှိကြ ပါတယ်။

Micrsoft ကတော့ ဝန်ထမ်းအင်အား ကိုးသောင်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Amazon ဟာ Seattle area မှာ ဝန်ထမ်းအင်အား အများဆုံး နည်းပညာ ကုမ္မဏီအဖြစ် စံချိန်တင် ထားပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
TechSpace Journal